
ပထမတော့ ကိုယ့် မျက်လုံးတောင် ကိုယ် မယုံဘူး ဖြစ်သွားတယ်။ Bart Jasen ဆိုတဲ့ ဒက်ရှ်လူမျိုး အနုပညာရှင် တစ်ဦးက သူ့ရဲ့ကြောင်သေ သားရေ အုပ်ထားတဲ့ ဒရုန်းကို ဖန်တီး ခဲ့တာပါတဲ့။ ကြောင်သေကို ၆ လလောက် ရေခဲ သေတ္တာထဲ ထည့်ထားပြီး လိုအပ်တဲ့ စက်ပစ္စည်း တွေကို သွပ်ပြီး ဒလက် ၄ ခုကို ခြေလက် ၄ချောင်းမှာ တပ်ဆင်ပြီး ဒရုန်းတစ်ခု အဖြစ် ပျံသွားနိုင် ခဲ့တာပါ။
သူ့ရဲ့ ဖန်တီးမှုကို မနှစ်မြို့ဖွယ် ကိစ္စရပ် အနေနဲ့ မြင်တဲ့ သူက မြင်ကြ ပါတယ်။ ဒါပေမဲ့ သူကတော့ သူ့ရဲ့ ကြောင်ပျံ ဒရုန်း တီထွင်မှုကို အားရ ကျေနပ်လျှက် ရှိပြီး နောက်ထပ် ပိုကြီးတဲ့ ဖန်တီးမှု တစ်ခုကို ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
နွားရဟတ်ယာဉ် ဆိုပဲ။ နွားသေ တစ်ကောင်နဲ့ လုပ်ထားတဲ့ ရဟတ်ယာဉ်ပေါ့။ စိတ်ကူးထဲမှာ မြင်ယောင် ကြည့်ချင် စရာပဲ။
Jansen ဟာ အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ Arjen Beltman ရဲ့ အကူအညီကို ရယူပြီး လူတစ်ယောက် စီးနင်းနိုင်တဲ့ တိရိစ္ဆာန် အကောင်ကြီး တစ်ကောင် သဏ္ဍာန်ရှိတဲ့ ယာဉ်ပျံ တစ်ခုကို အတူ ဖန်တီးနေ တယ်လို့ သိရပါတယ်။
‘နွားဆိုရင်တော့ လူဆန့် လောက်မှာပါ။ ဒါကြောင့် နွားကတော့ ရွေးချယ် စရာတွေ ထဲက တစ်ခု အပါအ၀င်ပေါ့။ နွားကို သုံးပြီး နောက်ထပ် ဖန်တီးဖြစ် မယ်ပေါ့လေ။’ လို့ Jasen က Business Insider သတင်းဌာနကို ပြောပြ ခဲ့ပါတယ်။
Original link - http://technology.thithtoolwin.com/2015/10/blog-post_4.html

No comments: