
တရုတ် ဇနီးမောင်နှံဟာ တရုတ် ရိုးရာ ပြက္ခဒိန် အရ ချစ်သူများ နေ့မှာ ဖန်တံတား အောက်ကနေ တွဲလဲခိုပြီး မင်္ဂလာပွဲ ကျင်းပ ခဲ့ပါတယ်။
ဒါဟာ သူတို့ချင်း စိန်ခေါ်မှု ဖြစ်ပြီး ချစ်သူများ ပွဲတော်ကို အထူး နည်းလမ်းနဲ့ ဆင်နွှဲ ချင်လို့ ခုလို လုပ်တာလို့ သတို့ သမီး ကျန်းဟွေ့ကျူက ပြောပြီး သတို့သား ကျိုးဝမ်လောင် ကလည်း သဘောတူ ခဲ့ပါတယ်။
ကျုံးဟွေ ခရီးသွား လုပ်ငန်း စီမံခန့်ခွဲရေး ကုမ္ပဏီရဲ့ ဝန်ထမ်းတွေက သူတို့အိပ်မက်ကို အကောင် အထည် ဖော်ပေး ခဲ့တာပါ။
မြေပြင် အထက် ၅၉၀ ပေ အမြင့်က ဖန်တံတားမှာ တွဲချိတ် ထားတဲ့ ကြိုးပုခက် ပေါ်မှာ သူတို့ ၂ ဦး မင်္ဂလာဆောင် ခဲ့ပါတယ်။
ရဲရင့်သူတို့ တံတားလို့ လူသိ များတဲ့ ဖန်တံတားဟာ တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ဖိန်ကျန်း မြို့နယ်က အမျိုးသား ဘူမိဗေဒပန်းခြံ ထဲမှာ ရှိပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/163396






No comments: