အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, August 12, 2016

ရေမြွှာအိတ်မပေါက်ဘဲ မွေးဖွားလာသည့် အံ့ဖွယ်ကလေးငယ်




ဒါဟာ တကယ့်ကို အံ့အား သင့်စရာ ဖြစ်တောင့် ဖြစ်ခဲ ကိစ္စ တခုပါပဲ။

မွေးကင်းစ ကလေးငယ် တဦးဟာ မွေးဖွား လာချိန်မှာ ရေမြွှာအိတ် အတွင်းမှာ ခွေ လျက်သား အခြေ အနေနဲ့ မွေးဖွား လာခဲ့တာ ဖြစ်ပြီး ဒါဟာ ကလေး မွေးဖွားမှု အကြိမ်ရေ ၈ သောင်းမှာမှ တကြိမ် ဖြစ်နိုင်ချေ ရှိတာမျိုးပါ။

ဒီအဖြစ်အပျက်ဟာ သြဂုတ်လ ၆ ရက်နေ့က စပိန်နိုင်ငံမှာ ဖြစ်ခဲ့တာဖြစ်ပြီး အမြွှာကလေး ၂ ဦးမှာ တဦးက သာမန်အခြေအနေနဲ့ မွေးဖွားအပြီးမှာ နောက်တဦးက ရေမြွှာ အိတ်အတွင်းမှာ မပေါက်ဘဲ မွေးဖွားလာခဲ့တာပါ။

ဆေးရုံမွေးခန်းစားပွဲပေါ်မှာတွေ့ရတဲ့ ကလေးငယ်ဟာ ရေမြွှာလုံးအတွင်း ချက် ကြိုးတွေနဲ့ ချိတ်ဆက်လျက်သား ခွေခွေကလေး ကွေးနေပြီး လှုပ်ရှားနေတာကို တွေ့ရပါတယ်။

သာမန်အားဖြင့်ဆိုရင်တော့ ကလေးမွေးဖွားမှုဖြစ်စဉ်မှာ ရေမြွှာအိတ်ဟာ ပေါက်ထွက်ပြီးမှ ကလေးကို မွေးဖွားလာရမှာပါ။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဆရာဝန်တွေဟာ ခွဲစိတ်ခန်းသုံး ကပ်ကြေးကို အသုံးပြုပြီး ကလေးငယ်ကို အပြင်ကို ဆွဲထုတ်နိုင်ဖို့ ကြိုးစားခဲ့ကြတာကို တွေ့ရပါတယ်။

ဒီဖြစ်စဉ်ကတော့ တကယ့်ကို ကြုံတောင့်ကြုံခဲဖြစ်စဉ်တခုဖြစ်တာမို့ ဆရာဝန်တွေ နဲ့ သူနာပြုဆရာမတွေဟာ ၀ိုင်းအုံရောက်ရှိနေခဲ့ကြတာကို တွေ့ရပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ယူကျုဘ်အအင်တာနက်စာမျက်နှာပေါ်မှာ တနေ့တည်းတင် ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ ၆ ဒဿမ ၈ သန်းထက်မနည်း ရှိခဲ့တယ်လို့ တယ်လီဂရပ်ဖ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/163481

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...