
မလေးရှား နိုင်ငံက ဆီအုန်း စိုက်ပျိုးရေး ခြံတခြံမှာ ပြီးခဲ့တဲ့ တပတ်က ဆင်စွယ် ပြောင်းပြန် ပေါက်နေတဲ့ ဆင် တကောင်ကို ဒေသခံ တောရိုင်း တိရစ္ဆာန် သုတသန အဖွဲ့ တဖွဲ့က တွေ့ရှိ မှတ်တမ်း တင်ခဲ့ ပါတယ်။
အခုလို ဆင်စွယ် နောက်ပြန် ပေါက်တဲ့ ဆင်မျိုးဟာ အတော်ကို ရှားပါး ပေမယ့် မလေးရှား နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်တွေ တုန်းကလည်း တွေ့ရှိ ခဲ့ကြတယ်လို့ ဆိုပါတယ်။
၂၀၁၅ ခုနှစ် တုန်းကလည်း တကောင် တွေ့ရှိ ခဲ့ပြီး ဘာကြောင့် ဒီဆင်တွေမှာ ဆင်စွယ်နောက်ပြန် ပေါက်တယ် ဆိုတာ မသိ ရသေးပါဘူး။
အခုလိုဆင်စွယ် နောက်ပြန်ပေါက်တဲ့ ဆင်တွေဟာ တခြားဆင်တွေကို ရန်ဆိုင် တွန်းလှန်တဲ့ အခါမှာ အတော်ကို ခက်ခဲ မယ်လို့ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနက ပြောပါတယ်။
ဒါကြောင့် အဲ့ဆင်တွေ အတွက် သင့်တော်တဲ့ နေရာတွေ့ရင် ပြောင်းရွှေ့ ထားဖို့လည်း စီစဉ်နေပြီး နောက်ယောင်ခံ ကိရိယာ တပ်ဆင်ပြီး ကာကွယ် စောင့်ရှောက် သွားမယ်လို့ ဌာနက ပြောဆို ပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/163847






No comments: