
ပေါ်လိုနဲ့ ကတ်ယူ စီယာတို့ စုံတွဲရဲ့ ၂ ယောက်ပေါင်း အရပ် အမြင့်ဟာ ၅ ပေ ၁၀ လက်မ (၁၇၈ စင်တီမီတာ နီးပါး) သာရှိပြီး လက်ရှိ မှာတော့ ကမ္ဘာ့ အရပ် အပုဆုံး စုံတွဲတွေ အဖြစ် သတ်မှတ် ခံရဖို့ အလား အလာ ရှိနေတာပါ။
သူတို့ ၂ ဦးစလုံးဟာ ဘရာဇီးနိုင်ငံမှ ဖြစ်ပြီး တဦးနဲ့ တဦး မေတ္တာ မျှနေကြ တာပါ။
အရပ်အမြင့် ၈၉ ဒသမ ၅ စင်တီမီတာရှိတဲ့ ကတ်ယူစီယာ လီယာ ရိုချီဒိုနဲ့ အရပ် အမြင့် ၈၈ ဒသမ ၅ စင်တီမီတာ အမြင့်ရှိတဲ့ ပေးလို ဂါဘရီယယ် ဒါဆေးလ်ဗား ဘာရော့စ် တို့ဟာ လွန်ခဲ့တဲ့ ၈ နှစ်တာ ကာလတည်းက တွေ့ဆုံ ချစ်ကျွမ်း ၀င်ခဲ့ကြ တယ်လို့ စီစီတီဗွီ သတင်းမှာ ဖော်ပြ ပါတယ်။
လက်ရှိမှာတော့ သူတို့ရဲ့ လက်တွဲစေ့စပ်ထိမ်းမြားမှုဟာ ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းစံချိန် စာအုပ်မှာ ကမ္ဘာ့အရပ်အပုဆုံး စုံတွဲအဖြစ် မှတ်တမ်းတင် ဖော်ပြနိုင်ဖို့
မျှော်လင့်နေကြတာပါ။
လက်ရှိ ကမ္ဘာ့အရပ်အပုဆုံး စုံတွဲအဖြစ် မှတ်တမ်းတင်ထားတာကတော့ ဘရာဇီးနိုင်ငံကပဲ ဒေါက်ဂလပ်စ် မိုင်စတာ ဘရီဂါဒါဆေးလ်ဗားနဲ့ ကလော်ဒီယာ ပယ်ရီရာယာ ရိုချာတို့ဖြစ်ကာ ၂ ယောက်ပေါင်း အရပ်အမြင့် ၁၈၀ စင်တီမီတာ ရှိခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ – စီစီတီဗွီ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/162970

No comments: