အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 24, 2015

ကားဒရိုင်ဘာ အိပ်ပျာ်နေချိန် ကားခိုးမောင်းတဲ့ အိန္ဒိယက မျောက်




အိန္ဒိယနိုင်ငံ ဘတ်စ်ကား ကုမ္ပဏီ တစ်ခုက ဘတ်စ်ကား ဒရိုင်ဘာ တစ်ရေး တမော အိပ်ပျော် နေချိန်မှာ မျောက်တစ်ကောင် ကားတက်မောင်းလို့ ရပ်ထားတဲ့ ဘတ်စ်ကား၂ စီးကို တိုက်မိ တယ်လို့ ဆိုလာ ပါတယ်။



Uttar Pradesh State Road Transport Corporation အဆိုအရ Bareilly ရှိ ဘတ်စ်ကား ရပ်နား စခန်းမှာ ကားပြန်လည် မထွက်ခင် ကားရပ်နားပြီး နာရီဝက်လောက် အိပ်ပျော် သွားတဲ့ ဘတ်စ်ကား ဒရိုင်ဘာရဲ့ ကားပေါ်ကို မျောက် တစ်ကကောင်က တက်ပြီး ကားစက်နှိုးကာ ကားမောင်းဖို့ ကြိုးစား ခဲ့တာလို့ သိရ ပါတယ်။

ဒရိုင်ဘာနိုး လာပြီး မျောက်ကို မောင်းထုတ်ဖို့ ကြိုးစား ခဲ့ပေမယ့် မျောက်က ကားရဲ့ ဂီယာကို ပြောင်းလဲ မောင်းနှင်ခဲ့လို့ ဒရိုင်ဘာခမျာ ပြတင်းပေါက်ကနေ အပြင်ကို ထွက်ကျ သွားခဲ့ ပါသတဲ့။

ဘတ်စ်ကား ကုမ္ပဏီရဲ့ မန်နေဂျာဖြစ်သူ SK Sharma က Times of India ကို “ ကားဒရိုင်ဘာက ကားကို ပြန်လည် ထိန်းသိမ်း မောင်းနှင်ဖို့ ကြိုးစား ခဲ့ပေမယ့် ရပ်ထားတဲ့ ဘတ်စ်ကား ၂ စီးကို တိုက်မိ တော့မှပဲ ကားက ရပ်သွား ခဲ့တာပါ” လို့ ဆိုပါတယ်။

Sharma အဆိုအရ ဘတ်စ်ကား ကုမ္ပဏီအနေနဲ့ မျောက်တွေကို တခြားနေရာကို ပြောင်းရွှေ့နေရာ ချထားပေးနိုင်ဖို့ ဒေသ အာဏာပိုင်တွေနဲ့ ဆွေးနွေးနေ တယ်လို့လည်း ဆိုပါတယ်။

Ref : Upi

Originally published at - http://knowledge.thithtoolwin.com/2015/12/blog-post_25.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...