အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 24, 2015

သားကို ခရစ်စမတ် လက်ဆောင် ပေးနိုင်ဖို့ အပြာကား ရိုက်ခဲ့ရတဲ့ အမျိုးသမီး




မိခင် တစ်ဦးဟာ သူမရဲ့  သားဖြစ်သူ ကို ပြီးပြည့် စုံတဲ့ ခရစ်စမတ် ပွဲ ရရှိစေဖို့ အတွက် အပြာ ရုပ်ရှင်တွေ ရိုက်ကူး ခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၂၀ နှစ် ကျော်သာ ရှိသေးတဲ့ Megan Clara ဟာ သူမရဲ့ သားဖြစ်သူ အသက် ၅ နှစ် အရွယ် Ashton က မနှစ်က သူ့ သူငယ်ချင်းတွေလို ဈေးကြီးတဲ့ လက်ဆောင်တွေ မရခဲ့တာနဲ့ ပတ်သက်ပြီး စောဒက တက်ခဲ့မှု အပေါ် စိတ်မကောင်း ဖြစ်ခဲ့ရ ပါတယ်။

တစ်ယောက်ထဲ ရုန်းကန်နေ ရပြီး တစ်ပတ်ကို စတာလင်ပေါင် ၈၀ သာ ၀င်ငွေ ရှိခဲ့တဲ့ Clara ဟာ သူမ ရဲ့ သားကို မနှစ်က ခရစ်စမတ်မှာ ခဲခြစ်ပန်းချီ တစ်ခု ၊ အရုပ် အနည်းငယ်နဲ့ အ၀တ်အစား သစ် တွေ ၀ယ်ယူပြီး လက်ဆောင်ပေး ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူမရဲ့  သားဖြစ်သူ မကျေနပ်တာကို သိခဲ့ပြီး တဲ့နောက်မှာ ၂၀၁၅ ခုနှစ် ခရစ်စမတ် မှာတော့ အမှတ်တရ တစ်ခု ဖြစ်အောင် ဖန်တီးပေးနိုင်ဖို့ အတွက် သူမ ဟာ ၀င်ငွေ ပိုမို ရရှိမယ့် အလုပ်ကို ပြောင်းလဲ ခဲ့တာ ဖြစ်ပါတယ်။

သူမဟာ တစ်နှစ်လုံး အပြာကားတွေ များစွာ လက်ခံ ရိုက်ကူး ခဲ့ပြီး ရိုက်ကွင်း တစ်ခုစာ အတွင်း စတာလင်ပေါင် ၅၀၀ ၀င်ငွေ ရရှိခဲ့ပြီး သူမ ရဲ့ မိသားစု ၀င်တွေကိုလည်း ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ခရစ်စမတ် အခမ်းအနားမျိုး ကျင်းပပေးနိုင် ခဲ့ပါတယ်။

Portsmouth မြို့ မှာနေထိုင်တဲ့ Clara က "ပြီးခဲ့တဲ့ ခရစ်စမတ် တုန်းက ကျွန်မဟာ ပိုက်ဆံ မရှိခဲ့ ပါဘူး။ တစ်ကယ်ကို ခက်ခဲခဲ့ပြီး Ashton လေးအနေနဲ့ စိတ်ပျက်ပြီး ထွက်ခွာ သွားမှာကိုလည်း စိုးရိမ်မိခဲ့ပါတယ်။

သူဟာ သူ့သူငယ်ချင်းတွေ ပိုင်ဆိုင် ထားတာတွေကို အမြဲ လိုချင်နေ ခဲ့ပါတယ်။ ကျွန်မမှာလည်း ဈေးကြီးတဲ့ အရုပ်တွေ ၀ယ်ပေးဖို့ အတွက် ပိုက်ဆံ မရှိခဲ့ပါဘူး" လို့ ဆိုပါတယ်။

မနှစ်က ခရစ်စမတ်မှာ သားဖြစ်သူကို စတာလင်ပေါင် ၁၀၀ ဖိုးသာ လက်ဆောင်ပေးနိုင် ခဲ့တဲ့ Clara ဟာ ဒီနှစ်ခရစ်စမတ်မှာတော့ စတာလင်ပေါင် ၁၅၀၀ ဖိုး အထိ လက်ဆောင်ပေးနိုင် ခဲ့ပါတယ်။

Ref : Metro

Originally published at -http://knowledge.thithtoolwin.com/2015/12/blog-post_55.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...