အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 22, 2015

အချိန်ဆွဲတတ်သူတွေ၊ အလုပ် လုပ်တာ နှောင့်နှေးတတ် သူတွေ ပြုလုပ်သင့်သော အလေ့အကျင့်များ




(၁) (10+2)x5 နည်းလမ်း

ဒီနည်းလမ်း ကတော့ မာလင်းမန်းဆိုတဲ့ လူက ဖန်တီးထားတဲ့ နည်းလမ်းလေး ဖြစ်ပါတယ်။ ဒီဂဏာန်း တွေဟာ ရှုပ်ထွေးတဲ့ သင်္ချာဖော်မြူလာ တစ်ခု မဟုတ်ပါဘူး
အင်မတန်မှ ရိုးရှင်း ပါတယ်။

ဆိုလိုတာကတော့ ၁၀မိနစ် အလုပ် လုပ်ပြီးလျှင်၂ မိနစ် နားပါ။ ထိုကဲ့သို့ ၅ ခါလုပ်ပါ။ အချိန်အားဖြင့် ၁ နာရီကုန် သွားမှာ ဖြစ်ပါတယ်။ အဲ့လိုဆိုရင် အလုပ်တွေ ဆက်တိုက် လုပ်စရာ မလိုသလို နားချိန် သီးသန့် ထားနေစရာ မလိုတော့ပါဘူး။

(၂) အနီနဲ့အပြာကို မကြာခဏအသုံးပြုပါ။

သင့်ရဲ့အလုပ်စားပွဲ (သို့မဟုတ်) စာကြည့်စားပွဲပေါ်ကပစ္စည်းတွေကိုရှင်းလင်းလိုက်ပါ။လေ့လာချက်စစ်တမ်းတွေအရ အနီရောင်ဟာသင့်ဦးနှောကိုအာရုံစူးစိုက်မှုအားကောင်းစေပြီး အပြာရောင်ဟာ ဖန်တီးနိုင်စွမ်းမြင့်တက်စေပါတယ်။

ဒါကြောင့် သင့်အလုပ်လုပ်တဲ့နေရာမှာ အနီနဲ့အပြာ များများထားပါ။

(၃) လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို အချိန်ဇယား ဆွဲထားပါ။

အချိန်ဆွဲ လုပ်တတ်တာကို အကျင့်ပါနေ တာဟာ ကောင်းတဲ့ အလေ့အကျင့် မဟုတ်ပါဘူး။ သင်လုပ်စရာ ရှိတာတွေကို တိတိကျကျ အချိန်စာရင်း လုပ်ထားပါ။
ထိုသို့ လုပ်ထားခြင်း အားဖြင့် နောက်ဆုံးပြီးရမယ့် အချိန် (deadline) အတွင်း မပြီးပြီးအောင် မိမိကိုယ်ကို ဖိအားပေးပါ။
နောက်ဆုံး ပြီးရမယ့် အချိန် (deadline ) သတ်မှတ် ထားခြင်းဟာ သင့်အလုပ် တွေကိုမြန်မြန် ပြီးမြောက် စေပါတယ်။

(၄) အရေးကြီး လုပ်စရာတွေကို စာကြည့်တိုက် (သို့) ကော်ဖီဆိုင်မှာလုပ်ပါ။

သင့်ရဲ့အရေးကြီးလုပ်စရာတွေကို စာကြည့်တိုက် (သို့မဟုတ်) ကော်ဖီဆိုင်တစ်ဆိုင်မှာ လုပ်သင့်ပါတယ်။ အိမ်မှာဆိုရင် သင့်ရဲ့ဆိုဖာတွေ၊ အိပ်ယာတွေက သင့်ကိုအလုပ်ပျက်အောင် ဆွဲဆောင်နေပါလိမ့်မယ်။

(၅) Electronic ပစ္စည်းတွေ၊ mobile device တွေမရှိတဲ့ အလုပ် စားပွဲဖြစ်အောင် ကြိုးစားပါ။

လေ့လာချက်စစ်တမ်းတွေအရ လူတစ်ယောက်ကတစ်နေ့မှာ ဖုန်းကိုအကြိမ်၁၅၀ခန့်ကိုင်လေ့ရှိပါတယ်။ အဲ့ဒီတော့ Mobile Device တွေကိုဖယ်ရှားထားခြင်းဟာ အလုပ်တွေအာရုံစိုက်ပြီးလုပ်နိုင်မယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၆) မနက်ဖြန်အတွက် ညကတည်းက ပြင်ဆင်ပါ။

မနက်စောစောရုံးသွားရမယ့်လူတွေ၊ ကျောင်းသာတွေအတွက် အရေးကြီးပါတယ်။ မနက်သွားခါနီးမှ စာရွက်စာတမ်းရှာတာမျိုးထက် ညကတည်းကပြင်ဆင်ထားခြင်းဖြင့် မနက်မှာ မနက်စာကိုအေးအေးဆေးစားနိုင်ပြီးသင့်အတွက်အချိန်အနည်းဆုံး ၁၅ မိနစ်ခန့်ပိုထွက်လာပါတယ်။
.
(၇) သင့်ရဲ့အလုပ် (ပရောဂျက်) တွေကို အပိုင်းပိုင်း ခွဲလုပ်ပါ။

သင့်မှာလုပ်စရာ Project ကြီးတစ်ခုရှိပြီဆိုရင် အပိုင်းပိုင်းခွဲထုတ်လိုက်ပါ။
ပြီးရင်အလွယ်ဆုံးနဲ့ အမြန်ဆုံးပြီးနိုင်တဲ့ အစိတ်အပိုင်းက စလုပ်ပါ။
သင်စလုပ်တဲ့ အပိုင်းက ဘယ်လောက်ပဲ နည်းနေပါစေ အဓိကကပြီးမြောက်သွားဖို့ပဲ လိုပါတယ်။
အလုပ်တစ်ခုပြီးမြောက်သွားပြီဆိုတဲ့ စိတ်က သင့်ကိုတက်ကြွစေ ပါတယ်။

(၈) သင်နှစ်သက် စိတ်ဓာတ် တက်ကြွစေတဲ့ ဆောင်ပုဒ်လေးတွေ ချိတ်ဆွဲ ထားပါ။

သင့်စားပွဲဘေးမှာ စိတ်ဓာတ် တက်ကြွစေတဲ့ စာသားလေးတွေ၊ ဆောင်ပုဒ်လေးတွေ ချိတ်ဆွဲပြီး အလုပ် လုပ်ရင်း စိတ်ဖိစီးနေတဲ့ အချိန် တစ်ခါကို ၁၀ စက္ကန့်လောက် ကြည့်ခြင်းဟာ တကယ်ပဲ အသုံးဝင်လှ ပါတယ်။

ဘာဆောင်ပုဒ်မှ ရေးစရာ မရှိရင်တောင် ရိုးရိုးရှင်းရှင်း "Do it Now" ဆိုတာလေးလည်း ဖြစ်ပါတယ်။

လင်းထက်မော်
Focus Youth E-magazine
Ref : LH org

မောင်ပေါက် by ThanToeAung

Originally published at - http://www.maungpauk.org/2015/12/blog-post_22.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...