
ဗြိတိန် ဘွားဘွား တစ်ယောက် အများသုံး အိမ်သာ အတွင်း ၄ ရက်ကြာ ပိတ်မိနေခဲ့ပြီး အနွေးဓါတ် ရစေဖို့ လက်အခြောက်ခံ စက်ကို အသုံးပြုကာ အချိန်တွေ ကုန်ဆုံး သွားစေဖို့ အတွက်လည်း သိုးမွေး လည်စည်း ထိုးပြီး စောင့်ခဲ့ ရတယ်လို့ ဆိုပါတယ်။
အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ ဘွားဘွား Gladys Phillips ဟာ England၊ Felixstowe မှာ ဈေးဝယ် ထွက်ခဲ့ပြီး အများသုံး အိမ်သာ ၀င်ရောက် သုံးစွဲခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အဲ့ဒီ အိမ်သာဟာ သုံးစွဲခွင့် မပြုရသေးဘူး ဆိုတာ ကိုတော့ သူမသိ ခဲ့ပါဘူး။
Phillips က သူအထဲ ၀င်ပြီးနောက် တံခါးလော့ကျ သွားပြီး အိမ်သာထဲမှာ ပိတ်မိနေပြီ ဆိုတာကို မကြာခင်မှာပဲ သိရှိသွားပါတယ်။ “ ပထမတော့ ငါထွက်လို့ မရတော့ဘူး ဆိုတာကို သိပ်သတိ မထားမိသေးဘဲ အိမ်သာထဲကိုသာ ပြေးသွား မိတော့တာပါပဲ” လို့ ဆိုပါတယ်။
သူဟာ ပိတ်မိနေပြီး လေးရက် အကြာ အလုပ် သမားတွေ သူ့ကိုပြန်လည်တွေ့ရှိ ချိန်မှာတော့ သူ့ရဲ့လည်စည်း ပ၀ါကို အဆုံးသတ်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘွားဘွားက သူဟာ ဖုန်းသုံးလေ့ မရှိဘဲ တစ်ယောက်ထဲ နေထိုင်တာမို့ သူ့မိသားစု ၀င်တွေဟာလည်း သူပျောက်ဆုံးနေ တာကို မသိကြပါဘူးတဲ့။
Ref : Upi
Originally published at - http://knowledge.thithtoolwin.com/2015/12/blog-post_60.html

No comments: