အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, December 20, 2015

ဂျက်စတင်ဘီဘာ ဓါတ်ပုံကြီး ညတိုင်း ဖက်အိပ်တဲ့ အမျိုးသမီး




စူပါမားကတ် တစ်ခုမှာ အလုပ် လုပ်သူ အမျိုးသမီး တစ်ဦးဟာ ကနေဒီးယန်း ပေါ့ပ်စတား ဂျက်စတင်ဘီဘာ ရဲ့  လူအရွယ် အစား ရှိတဲ့ ဓါတ်ပုံတွေကို ညတိုင်း ဖက်အိပ်ပြီး သူမဟာ ဂျက်စတင်ဘီဘာ ရဲ့  ကမ္ဘာ့ အဆိုးဆုံး အမာခံ ပရိတ်သတ် တစ်ယောက်ဖြစ်တယ်လို့ အခိုင်အမာ ဆိုလိုက် ပါတယ်။

အသက် ၂၂ နှစ် ရှိနေပြီ ဖြစ်တဲ့ Gabrielle Newton ဟာ သူမရဲ့  နာမည်ကိုပင် Gabrielle Newton-Bieber လို့ ပြောင်းလဲ ထားပါတယ်။

အဲဒီလို ပြောင်းလဲ လိုက်ခြင်းအားဖြင့်လည်း သူမနဲ့ ဂျက်စတင်ဘီဘာ နဲ့ လက်ထပ် ထားတယ်လို့ ထင်မှတ် ခံစားမိစေ တယ်လို့ သူမက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၆ နှစ် အတွင်း သူမဟာ ဂျက်စတင်ဘီဘာနဲ့ ပတ်သက်တဲ့ တက်တူး ၅ ခု တိတိ ထိုးခဲ့ပြီး တစ်ခု ကတော့ သူမရဲ့  ရင်သား အောက်မှာ ဖြစ်ပါတယ်။ သူမဟာ ဂျက်စတင်ဘီဘာ နဲ့ အတူ ကလေးတွေ မွေးဖွားဖို့ လည်း မျှော်လင့် ထားပါတယ်။



သူမဟာ ဂျက်စတင်ဘီဘာရဲ့  သီချင်းခွေ တွေ ၊ DVD ခွေတွေ ၊ ရေမွှေးတွေ ၊ လက်သည်း အလှဆင် ပစ္စည်းတွေ ၊ မိတ်ကပ်တွေ အားလုံးကိုလည်း ၀ယ်ယူ ထားပြီး သူမရဲ့  ဗီရိုထဲမှာလည်း ဂျက်စတင်ဘီဘာ နဲ့ ပတ်သက်တဲ့ အ၀တ် အစားတွေ ပြည့်နေပြီး သူမ ရဲ့  အိမ်နံရံဟာလည်း ဂျက်စတင်ဘီဘာရဲ့  ပိုစတာ တွေနဲ့ ပြည့်နှက်နေ ပါတယ်တဲ့။

သူမကတော့ Nottinghamshire မြို့ မှာနေထိုင် သူဖြစ်ပြီး သူမ ရဲ့ နာမည်ကို ပြောင်းလဲ ပေးဖို့လည်း သူမရဲ့  မိခင်ကို တောင်းပန် ထားရသူ ဖြစ်ပါတယ်။ သူမ ညတိုင်း ဖက်အိပ်တယ်လို့ ၀န်ခံထားတဲ့ ဂျက်စတင်ဘီဘာ ရဲ့  လူအရွယ် အစား ကတ်ထူပြား ဓါတ်ပုံ ကိုတော့ သူမ ၁၆ နှစ် အရွယ် တုန်းက ဂျက်စတင်ဘီဘာ နဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတစ်ခုမှာ အနိုင် ရခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/12/blog-post_21.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...