
အမေရိကန် ပြည်ထောင်စု အလား စကားက အမျိုးသား ဥယျာဉ်မှာ ရှိတဲ့ ရေတံခွန်မှာ ရေစီးကြောင်း နောက်ကို မျောပါ သွားတဲ့ ၀က်ဝံတွေကို မိခင်က လိုက်လံ ကယ်ဆယ် ခဲ့ပါတယ်။
ဝက်ဝံငယ် ၃ ကောင် ရေတံခွန် ထဲကို ဆင်းရာမှာ ရေစီးပြင်းလို့ ရေစီးနောက် မျောပါ သွားတာကို မိခင် ၀က်ဝံမကြီးက လိုက်လံ ကယ်ဆယ် တာကို ရုပ်သံနဲ့ မှတ်တမ်း တင်ထားတာ ဖြစ်ပါတယ်။
သြဂုတ် ၁၅ ရက်နေ့က တင်ထားတဲ့ ယူကျု့ ရုပ်သံ ဖိုင်ထဲမှာ ရေတံခွန် အနီးနား ကနေ စောင့်ကြည့်နေတဲ့ မိခင် ၀က်ဝံမက ရေထဲကို အလျင် အမြန်ခုန်ဆင်းပြီး ရေစီးကြောင်း
နောက် မျောပါ သွားတဲ့ ရင်သွေးငယ် တွေကို တကောင်ပြီး တကောင် ကယ်ဆယ် ခဲ့တာ တွေ့ရပါတယ်။
တရိစ္ဆာန် ဖြစ်ပေမယ့်လည်း ရင်သွေးနဲ့ ပတ်သက်ရင် ကြီးမားတဲ့ မိခင် မေတ္တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/164746






No comments: