
ကမ္ဘာ့အရှည်ဆုံးနဲ့ အမြင့်ဆုံး မှန်အခင်းတပ် ကြိုးတံတားကို တရုတ်နိုင်ငံ အလယ်ပိုင်းက ဟူနန် ပြည်နယ်မှာ သြဂုတ် ၂၀ ရက်နေ့က ဖွင့်လှစ် လိုက်ပါတယ်။
အဗက်တာ Avatar ရုပ်ရှင် ဇာတ်ကားမှာ ပါတဲ့ ကျောက်တောင် ၂ ခုကို သွယ်တန်းတည် ဆောက်ထားပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြီးစီး ခဲ့တာပါ။
အရှည်မီတာ ၄၃၀ နဲ့ အမြင့်မီတာ ၃၀၀ ရှိပြီး အမေရိကန် ဒေါ်လာ ၃.၄ သန်း အကုန် အကျခံ တည်ဆောက် ထားတယ်လို့ အစိုးရပိုင် ဆင်ဟွာ သတင်းက ဆိုပါတယ်။
အကျယ်မီတာ ၆ မီတာ ရှိတဲ့ တံတား အခင်းကို မှန်အချပ်ကြီး ၉၉ ချပ် နဲ့ ခင်းထား တာပါ။ ဒီကြိုးတံတားကြီးကို အစ္စရေး ဗိသုကာရှင် တဦးက ဒီဇိုင်း ထုတ်ထား တာလည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ အခုလို ကြိုးတံတား တွေဟာ အထူး ရေပန်းစားပြီး အဖွဲ့လိုက် ယောဂ ကျင့်တာတို့၊ ကြိုးတံတားအောက် ကြိုးဆွဲပြီး မင်္ဂလာဆောင် ကြတာ မျိုးတောင် ရှိပါတယ်။
အခုလထဲမှာပဲ ဟူနန်ပြည်နယ်ထဲက အခုလိုကြိုးတံတားအောက်မှာ ကြိုးပခတ်ချပြီး မင်္ဂလာစုံတွဲတတွဲ မင်္ဂလာဆောင်ခဲ့ကြပါသေးတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/164826

No comments: