အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 30, 2016

အမေရိကန်တွင် အသည်းအလှူရှင်နှင့် သူအသက်ကယ်ခဲ့သည့် အမျိုးသမီး လက်ထပ်




အမေရိကန် ရေတပ်သားဟောင်း ခရစ္စတိုဖာ ဒမ်ဆေးဟာ အမျိုးသမီး တဦးကို သူ့အသည်း တစ်ဝက် လှူဒါန်းခဲ့ပြီး ၂ နှစ်လောက် အကြာမှာ သူအသက် ကယ်ခဲ့တဲ့ အသည်း လက်ခံသူ အမျိုးသမီး မစ်စ်ကရူးဂါးနဲ့ လက်ထပ် ခဲ့တယ်လို့ အောက်တိုဘာ ၂၆ ရက်နေ့ ဘီဘီစီ သတင်းမှာ ဖော်ပြ ပါတယ်။

ချီကာဂိုတောင်ပိုင်း ဖရန်က်ဖို့တ်လို့ ခေါ်တဲ့ ရွာကလေး တရွာရဲ့ အလုပ် နားနေခန်း တခုမှာ စကားပြောဆို ခဲ့ကြရင်း သူတို့ရဲ့အချစ် ဇာတ်လမ်း စတင် ခဲ့တာ လို့လည်း သိရပါတယ်။

မစ္စဟီသာကရူးဂါးဟာ အသည်းရာဂါ နံပါတ် ၄ အဆင့် ဖြစ်နေခဲ့ပြီး နေမကောင်းဖြစ်နေတာ ၂ နှစ်လောက် ရှိခဲ့တာပါ။ ဆရာဝန်တွေကလည်း အသည်း အစားထိုး မကုနိုင်ခဲ့ရင် နောက် ၂ လလောက်ပဲ အသက်ရှင်နိုင်ဖို့ ၅၀ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံထဲမှာ အသည်းအစားထိုးကုဖို့ အလှူရှင်စောင့်နေတဲ့သူတွေဟာ ၁၁၉,၀၀၀ ကျော်ရှိနေတာကြောင့် တကယ့်ကို ခက်ခဲတဲ့အလုပ်ဖြစ်နေပြီး မစ္စဟီသာကရူးဂါးရဲ့ မိသားစုအနေနဲ့လည်း အသဲအလှူရှင် ရှာရတာ တကယ့်ကို အခက်ခဲနဲ့ ကြုံတွေ့နေရတာပါ။

ဝမ်းကွဲညီမတယောက် အသဲအစားထိုး ကုသဖို့ လိုအပ်နေကြောင်း လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆီကနေ ကြားခဲ့ရတယ်လို့ အသည်းအလှူရှင် မစ္စတာဒမ်ဆေးက ဘီဘီစီကို ပြောပါတယ်။

“ကျနော်စဉ်းစားလိုက်တာက ကျနော်ဒါမှမဟုတ်၊ ကျနော့်မိသားစုသာ ဒီလိုအခြေအနေမှာ ဖြစ်နေရင် ကျနော် ဒီလိုအကူအညီမျိုး လိုချင်မှာပဲ။”

ဒါကြောင့် အသက် ၃၈ နှစ်အရွယ် ဒမ်ဆေးက အသက် ၂၇ နှစ်အရွယ်ဖြစ်နေတဲ့ မစ္စကရူးဂါးကို ကူညီနိုင်ဖို့ သူ့အသည်းက အဆင်ပြေနိုင်မလားဆိုတာ စစ်ဆေးခဲ့ပါတယ်။

ပထမဦးဆုံးအကြိမ် သူတို့စကားပြောခဲ့တာက ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလဖြစ်ပြီး သူက သူမကို ဖုန်းခေါ်ကာ သူဟာ အသည်း လှူဒါန်းမယ့်သူ ဖြစ်ကြောင်း ပြောခဲ့တာပါ။

အဲ့ဒီနောက် မစ္စ ကရူးဂါးနဲ့ သူ့အမေဟာ သူ့ဖုန်းကို လက်ခံစကားပြောခဲ့ပြီး ပျော်လွန်းလို့ မျက်ရည်ကျခဲ့ကြောင်း ဆိုပါတယ်။

ဖုန်းပြောပြီး သူတို့ ပထမဦးဆုံးအကြိမ် တွေ့ရာမှာ ဒမ်ဆေးက မစ္စကရူးဂါးကို နေ့လယ်စာကျွေးခဲ့ပါတယ်။



အဲ့ဒီနောက် မစ်စတာဒမ်ဆေးက သူရဲ့မော်တော်ဆိုင်ကယ်အသင်း ရန်ပုံငွေရှာဖို့အတွက် သူတို့ ၂ ဦး အတူတူအလှူခံထွက်ဖြစ်ခဲ့ကြပြီး “သူမက ကျနော်သိချင်တဲ့ အမျိုးသမီးမျိုးပဲ တကယ်အမျိုးသမီးကောင်းတစ်ယောက်လို့ ကျနော် စစဉ်းစားမိတယ်” လို့ သူကပြောပါတယ်။

သူတို့၂ ဦး ခွဲစိတ်မှုတွေ လုပ်တဲ့အချိန်မှာတော့ သူတို့ ချိန်းဆိုမှု ၂ ကြိမ်လောက်ရှိခဲ့ပြီး နောက်ပိုင်းမှာ တရားဝင်ချိန်းဆိုမှု လုပ်ခဲ့ကြပါတယ်။

ခွဲစိတ်ကုသပြီးလို့ ၈ လအကြာမှာတော့ မစ်စတာဒမ်ဆေးက မစ်စ်ကရူးဂါးကို လက်ထပ်ခွင့်ပန်ခဲ့ပြီး ၁၉ လ အကြာမှာတော့ ကျန်းမာတဲ့ သူတို့ ၂ ဦးလက်ထပ်ခဲ့ကြတာလို့ သိရပါတယ်။

From : DVB

Originally published at - http://burmese.dvb.no/archives/174006

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...