အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 11, 2015

မျိုးတုံးတော့မည့် ခွေးလေးများကို ဖန်ပြွန်သန္ဓေ အကူဖြင့် ပထမဆုံး မွေးဖွား (ရုပ်သံ)




မျိုးတုံးတော့မယ့် အခြေအနေ ရှိနေတဲ့ ခွေးလေး တွေကို ပထမဆုံး ဖန်ပြွန်သန္ဓေ အကူအညီနဲ့ ပထမဆုံး မွေးဖွားနိုင် ခဲ့တယ်လို့ အမေရိကန် သုသေသန ပညာရှင်တွေက ဒီဇင်ဘာ ၉ ရက်နေ့က ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု၊ နယူးယောက် ပြည်နယ်၊ ကော်နယ် တက္ကသိုလ်က သုသေသန ပညာရှင်တွေရဲ့ ကြိုးစားမှုနဲ့ အခုလို ပထမဆုံး အောင်အောင် မြင်မြင် မွေးဖွားနိုင် ခဲ့ပြီး မျိုးတုံးနိုင်တဲ့ တိရစ္ဆာန် တွေကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ခွေးနဲ့ လူအကြား ကူးစက်နိုင်တဲ့ ရောဂါတွေ ကာကွယ် ကုသရေးတွေ အတွက် ထိရောက် အောင်မြင်နိုင် တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက အိမ်မွေး ဘီဂလ် beagles ခွေးသားပေါက် ၇ ကောင်ကို လူသားတွေကို ဖန်ပြွန်သန္ဓေနဲ့ မွေးဖွားသလို ခွေးအမတကောင်နဲ့ အငှားကိုယ်ဝန်ဆောင် မွေးဖွားခဲ့တာပါ။

၁၉၇၀ နှစ်တွေကတည်းက အခုလို မွေးဖွားနိုင်ဖို့ ကြိုးစားခဲ့ကြပေမယ့် ဖန်ပြွန်သန္ဓေသားကို အအေးခံထိန်းသိမ်းနိုင်ရေးမှာ အတော်ခက်ခဲရှိခဲ့ပြီး မအောင်မြင်ခဲ့ပါဘူး။

အခုတော့ အကောင်းဆုံးနည်းလမ်းကို တွေ့ရှိခဲ့ပြီး အခုလို ကျန်းမာသန်စွမ်းတဲ့ ဘီဂလ် ခွေးသားပေါက် ၇ ကောင် မွေးဖွားနိုင်ခဲ့တယ်လို့ သုသေသနအဖွဲ့ခေါင်းဆောင် အဲလက် ထရားဗက်စ်က ပြောဆိုပါတယ်။

ဒီနည်းအတိုင်း မျိုးတုံးပျောက်ကွယ်နိုင်တဲ့ တိရစ္ဆာန်တွေကို ဆက်လက် ထိန်းသိမ်းနိုင်တော့မှာဖြစ်ပြီး တိရစ္ဆာန်ဆေးပညာလောကရဲ့ အရေးကြီးတဲ့ ခြေလှမ်းတလှမ်းဖြစ်တယ်လို့ ကျန်းမာရေးသတင်းဂျာနယ်ကြီးတစောင်ဖြစ်တဲ့ ပါလော့စ်ဝမ်း plos one journal မှာ ရေးသားဖော်ပြထားပါတယ်။



By ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/126458

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...