အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 10, 2015

California ရှိ Wizarding World of Harry Potter ကို ဧပြီ ၇ ရက်နေ့မှာ စတင် ဖွင့်လှစ်မယ်




Universal Studios Hollywood အပန်းဖြေ ကစားကွင်းကြီးမှာ Wizarding World of Harry Potter ကို ဧပြီလ ၇ ရက်နေ့ကစပြီး ဖွင့်လှစ်တော့မှာဖြစ်တယ်လို့ အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

“J.K Rowling ရဲ့ ၀ထ္တုနဲ့ ဇာတ်ကောင်တွေကို မှီငြမ်းထားပြီး Warner Bros. မှ ရိုက်ကူးထားတဲ့ နာမည်ကျော် ရုပ်ရှင်ကားတွေ ထဲက အတိုင်း ၅ နှစ်ကျော်ကြာ ဖန်တီးတည်ဆောက်ခဲ့တာကြောင့် တကယ့် အပြင်ကမ္ဘာလောကမှာ ကိုယ်တိုင်ခံစားနိုင်မယ့် Hogwarts ရဲတိုက်ကြီးအပါအ၀င် တခြားမှော်ဝင်ဇာတ်ဝင်ခန်းတွေကိုလည်း ကြုံတွေ့ခံစားရမှာ ဖြစ်ပါတယ်လို့” သတင်း ထုတ်ပြန် ကြေညာ ထားပါတယ်။

စာအုပ်နဲ့ ရုပ်ရှင်ကားတွေမှာပါတဲ့ အစားအသောက်တွေကိုလည်း Three Broomsticks and Hog's Head မှာ ရောင်းချပေးမှာဖြစ်ပြီး ဧည့်သည်တွေအနေနဲ့ နာမည်ကျော် နေရာတွေဖြစ်တဲ့ Honeydukes, Ollivanders, Owl Post, Zonko's Joke Shop, Wiseacre's Wizarding Equipment, Dervish and Banges, Gladrags Wizardwear and Filch's Emporium of Confiscated Goods တွေမှာလည်း ဈေးဝယ်ထွက်နိုင်မှာ ဖြစ်ပါတယ်။

Florida's Universal Studios နဲ့ Islands of Adventure အပန်းဖြေကစားကွင်းတွေမှာ သူတို့ကိုယ်ပိုင် နာမည်ကျော်ကြားတဲ့ Wizarding World of Harry Potter ဖွင့်လှစ်ပြီးဖြစ်ကာ လာရောက် အပန်းဖြေတဲ့ ဧည့်သည်တွေလည်း အမြားအပြားရှိတယ်လို့ သိရပါတယ်။

Ref : Upi

Original link - http://knowledge.thithtoolwin.com/2015/12/california-wizarding-world-of-harry.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...