
တရုတ်နိုင်ငံက ဖန်ရှုယန် ဆိုတဲ့ လူတဦး ကတော့ တရုတ် သိုင်းဝတ္ထုတွေ ထဲကလို ၀ါးလုံး တစုံကို သုံးပြီး မြစ်ကို ဖြတ်ကူးပြ နိုင်ခဲ့ပါတယ်။
တရုတ် အရှေ့ပိုင်း ခရိုင် ဟန်ဇူးမှာ ရှိတဲ့ ဖူချန်မြစ်ကို ဖန်ရှုယန် ၀ါလုံးသုံးပြီး ဖြတ်ကူးနေတဲ့ ဓာတ်ပုံတွေနဲ့ ရုပ်သံဖိုင် ပျံ့နှံ့သွားပြီး တဲ့နောက်မှာ တရုတ်သိုင်း ၀တ္ထုထဲက စွမ်းအားကို အသုံးပြုပြီး ရေပေါ်မှာ သွားလာနိုင်တဲ့ သဏ္ဌာန်နဲ့ လူတွေက ရည်ညွန်း ပြောဆိုနေ ကြတယ်လို့ မေ ၁၉ ရက်နေ့ စီစီတီဗွီ သတင်းမှာ ဖော်ပြ ပါတယ်။
မေ ၁၅ ရက်နေ့မှာတော့ ၇ မီတာရှည်လျားတဲ့ ၀ါးလုံး ၂ လုံးနဲ့ အသက် ၅၁ နှစ် ဖန်ရှုယန်က တမိနစ်ကို မီတာ ၃၀ ကနေ ၅၀ နှုန်းနဲ့ ရာချီတဲ့ မီတာကို သတင်းထောက်တွေရှေ့မှာ သွားပြခဲ့ပါတယ်။
၂၀၁၄ ခုနှစ်ကတည်းက မြစ်ကိုဖြတ်ကူး စတန့်ပြနိုင်ဖို့ ဖန်က စတင်ခဲ့ပါတယ်။ ပထမအကြိမ် ကြိုးစားစဉ်မှာတော့ ရေထဲကို အကြိမ်ကြိမ် ကျခဲ့ပြီး နောက်ဆုံးမှာတော့ ၁.၇ မီတာမြင်တဲ့ အရပ်နဲ့ ၅၅ ကီလိုမီတာ အလေးချိန်ကို အောင်မြင်အောင် ထိန်းညှိနိုင်ခဲ့ပါတယ်။
ရေနဲ့ လေအားကို လိုက်လျော့ညီထွေလုပ်ပြီး လုပ်ဆောင်တာ ဖြစ်တယ်လို့ ဖန်က ပြောပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/150759

No comments: