
နိုင်ဂျီးရီးယား နိုင်ငံ ရွာသား တွေဟာ မြွေကြီးက နွားကောင် ပေါက်လေးကို မျိုထား တယ်လို့ ထင်ပြီး မြွေကြီးကို သတ်ဖြတ် လိုက်ပါတယ်။
လယ်သမား တွေရဲ့ နွားကို စားတယ်လို့ ထင်ပြီး မြွေကြီးကို သတ်လိုက်တာ ဖြစ်ကြောင်း ဒေသခံ သတင်း ဌာန တွေက နိုဝင်ဘာ ၁၁ ရက်နေ့မှာ သတင်း ထုတ်ပြန် ထားပါတယ်။
ဒါပေမယ့် ရွာသား တွေက မြွေရဲ့ဗိုက်ကို ခွဲလိုက်ချိန် မှာတော့ မြွေက ကိုယ်ဝန် ရှိနေတာ ဖြစ်ပြီး ဘာကနွားကို သတ်ဖြတ် လိုက်လည်း ဆိုတာတော့ ရှင်းရှင်းလင်း မသိ ရသေးပါဘူး။
မြွေဥ ဒါဇင်ပေါင်း များစွာက မြွေရဲ့ကိုယ်ထဲ ကနေ ထွက်ကျ နေပြီး အဲဒီဒေသမှာ မြွေဥ တွေက ရတောင့်ရခဲစားစရာတွေ ဖြစ်နေလို့ ဒီဥတွေကို ဒေသခံ တွေက အလျင် အမြန်ပဲ ယူဆောင် သွားကြ ပါတယ်။
မြွေက ဘာအမျိုး အစားလဲ ဆိုတာ မသိပေမယ့် မြွေအတော် များများက တကြိမ် တည်းမှာ ဥပေါင်း ၁၀၀ ထိ ဥနိုင် တယ်လို့ သိရ ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/175754

No comments: