အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 7, 2016

အသက်ရှင်လျက် ကျင်းပသည့် ထူးထူးဆန်းဆန်း ဈာပန အခမ်းအနား




ဘရာဇီးနိုင်ငံမှ အသက် ၄၄ နှစ် အရွယ် အမျိုးသမီး တဦးဟာ အသက် ရှင်နေ လျက်နဲ့ ခေါင်းတလားထဲ ၀င်ကာ ထူးဆန်းတဲ့ ဈာပန အခမ်း အနား တရပ်ကို ကျင်းပ ခဲ့ပါတယ်။

ဗီယာ လူစီယာ ဒါဆေးလ်ဗား အမည်ရတဲ့ အဆိုပါ အမျိုးသမီးဟာ ဒီအခမ်း အနားကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက် သရဲ တစ္ဆေကြီး များနေ့က နေအိမ်မှာ ကျင်းပ ခဲ့တာပါ။

သူဟာ ခေါင်းတလားထဲ ၀င်ပြီး သေဆုံးသူ တယောက်လို ဟန်ဆောင်ကာ ဈာပန အခမ်း အနား တခုသဖွယ် ပြင်ဆင် ထားခဲ့တယ်လို့ မေရာ သတင်း တပုဒ်မှာ ဖော်ပြ ပါတယ်။

ဒီအခမ်းအနားကို သူ့ရဲ့မိသားစု ၀င်တွေ၊ မိတ်ဆွေတွေကို ဖိတ်ခေါ် ခဲ့တာဖြစ်ပြီး ဒါဟာ ဘ၀မှာ အကောင်းဆုံးနေ့ တနေ့ဖြစ်တယ်လို့ ကြေညာ ခဲ့ပါတယ်။

ခုလို ဈာပန အခမ်း အနား ကျင်းပဖို့ အိပ်မက်ဟာ လွန်ခဲ့တဲ့ ၁၄ နှစ်ကတည်းက ရှိနေ ခဲ့တာလို့ သူက ပြောပါတယ်။

ဗီယာရဲ့ မိသားစု ၀င်တွေနဲ့ မိတ်ဆွေ aတွက ဒီအကြံဉာဏ်ကို ဆန့်ကျင် ခဲ့ကြပေမယ့် ခုတော့ အကောင် အထည် ဖော်နိုင် ခဲ့ပါပြီ။

Eternal Garden ဈပန အခမ်းအနား ကျင်းပရေး ၀န်ဆောင်မှု လုပ်ငန်းရဲ့ ပိုင်ရှင် ပေါ်လို အာရောဂျိုက ဗီယာ့ အတွက် သင်္ချိုင်းမြေနေရာနဲ့ ခေါင်းတလားကို လှူဒါန်း ခဲ့တာပါ။

“ဗီယာဟာ လွန်ခဲ့တဲ့ ၅ နှစ်လောက် ကတည်းက ခုလိုကျင်းပဖို့ ပြင်ဆင် နေခဲ့တယ်။ သူ့ရဲ့ခင်ပွန်း ကတော့ ဒါကို မလုပ်စေ ချင်ခဲ့ပါဘူး။

ဒါပေမယ့် နောက်ဆုံးတော့ မိသားစုဝင်တွေရော မိတ်ဆွေတွေပါ သဘောတူ လက်ခံ မှတော့ ရှေ့ဆက်ရုံ ရှိတော့ တာပေါ့” လို့ ပေါ်လို အာရောဂျိုက
ပြောပါတယ်။

မနက် ၉ နာရီကနေ ညနေ ၆ နာရီထိ တနေ့တာလုံး ကျင်းပတဲ့ ဒီဈာပန အခမ်းအနားမှာ ဗီယာဟာ သေဆုံးသူ တဦးလို မိတ်ကပ်တွေလည်း ပြင်ဆင် ထားခဲ့တာပါ။

ဗီယာက “ကျမ မိတ်ဆွေတွေကို ဖိတ်တဲ့ အချိန်မှာ ဒါဟာ ကျမ နောက်ပြောင် နေတာလို့ ထင်ကြတယ်။ သူတို့အနေနဲ့ သိပ်စိတ်ထဲ မထား ခဲ့ကြဘူး။

အခမ်းအနားကျင်းပတဲ့ အချိန် တနေကုန် ကျမဟာ အုန်းစိမ်းရေနဲ့ လက်ဖက်ရည်သောက်တဲ့ အချိန် ခေါင်းကို လှုပ်ရှားတာက လွဲပြီး မလှုပ်မယှက်နေခဲ့တာ” လို့ ပြောပါတယ်။

သူ့အနေနဲ့ လက်ရှိ အချိန်မှာ သေဆုံး ကွယ်လွန်ဖို့ အဆင်သင့် မဖြစ်သေးပေမယ့် ဈာပန အခမ်းအနား ကျင်းပတဲ့ တနေ့လုံး အတွက် စိတ်ပျော်ရွှင် ခဲ့ရတယ်လို့ ဆိုပါတယ်။



From: ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/175119

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...