Sunday, November 6, 2016
တစ်ကီလိုကို ထိုင်းမှာ မြန်မာကျပ်ငွေ သိန်းသုံးရာ့ခြောက်ဆယ် ပေးပြီး ဝယ်ရတဲ့ အိုက်စ်
ကြည့်လိုက်ရင် ရေခဲတုံးလို ကျောက်ချဉ် လိုလို အကြည်ရောင် အတုံးလေးတွေ၊ ဆေးခြောက်တို့ ရာဘ WYတို့  ၉၉၉ ဘိန်းဖြူ တို့  ထက်မြင့်တဲ့ မူးယစ်ဆေးကို ၁၀၀ % ရာခိုင်နှုန်း သန့်စင် ထားတဲ့ ဆရာကြီးလေ။
ထိုင်းမှာတော့ လူငယ်တွေ ပါးစပ်ဖျားမှာ ရေပန်း အစားဆုံး ရာအိုင့် ยไซ์ (Ice)ကို ဆယ်စုနှစ် အတွင်းမှာ ထိုင်းလူငယ် တွေကြား ပေါ်ပြူလာ ဖြစ်လာပြီး စွဲစွဲ လမ်းလမ်း သုံးနေကြတဲ့ "အချစ်ဆေး"လို့  ခေါ်တာ များပါတယ်။
ဘိန်းဖြူ- ရာဘ အဖက်တမင်း စိတ်ကြွဆေး တွေထက် ကြောက်စရာကောင်းတဲ့ Ya Ice (Ice) ကို နိုင်ငံတကာ လူငယ်တွေ-အနုပညာရှင်တွေ- ငွေကြေး ချမ်းသာ တဲ့ အကြားမှာ တန်ဘိုး ကြီးကြီးပေးဝယ်ပြီး သုံးနေ ကြတာပါ။
ရေခဲကို အရည်ဖျော်ထိုးတယ်-အမှုန့် ကိုဇွန်းထဲထည့် အောက်ကနေ မီးအပူပေးပြီထွက်လာတဲ့ အငွေ့ ကို ရူ-အသုံးများတာက သိပ္ပံ စမ်းသတ်ခန်းထဲ ကလို ဖန်ဘူး လေးတွေ လုပ်ပြီးပိုက်နဲ့ ရူ ကြတာများပါတယ်။
ခုတော့သာမန်လူငယ်တွေ ကျောင်းသားတွေ စုပေါင်းမိတ်လိုက်ပါတီတွေမှာ ရေခဲမပါရင်မပြီး သုံးနေကြတာကိုလည်း တွေ့ ရပါတယ်။
ရေခဲရဲ့  အာနိသင်က သုံးစွဲသူဟာ ရာဘ စိတ်ကြွဆေးသုံးထားသလို အအိပ် ပျက် အစားပျက် မူပျက်မနေဘူးတဲ့၊ စိတ်လန်းဆန်း ပြီး ပျော်လာမယ် ၊ကာမ ဆက် ဆံချင်တဲ့ စိတ်တွေ ပြင်း ထန် လာပါတယ်၊(ရေခဲသုံးသူ HIV ကူးဆက် တဲ့သူများပြား)တိုက်ချင်ခိုက်ချင်စိတ်တွေ ဒေါသတွေကြီးလာပြီးရင် သေရမှာ
လည်းမကြောက်တော့ ဘူးလို့  ဆေးမှတ် တမ်းသုတေသန တွေမှာ (၂၀၁၁ခုနှစ်) ရေးသားထား တာတွေ့ ရပါတယ်။
အဖက်တမင်း စိတ်ကြွဆေးမှာ အမြင့်ဆုံး ဖြစ်လို့  သုံးစွဲပါများလာသူတွေ မှာသုံးနေရင်း နှလုံးခုန်မြန်ပြီး လျော့ဖြစ် သတိလစ် သေဆုံးရတယ်၊
မသုံးရင် စိတ်ဓါတ်ကျမယ်- စိတ်ကနာမငြိမ် -နှလုံးခုန်မြန်-ခေါင်းကိုက်-အရာရာမသင်္ကာဖြစ်ပြီး နောက်ဆုံး မိမိကိုယ်အဆုံးစီရင်သွားတတ်ပါတယ်၊
ထိုင်းနိုင်ငံရဲ့  အိမ်နီးချင်းနိုင်ငံတွေကနေ ၀င်လာတဲ့ ရေခဲ တကီလိုကို ဘန်ကောက် မှာ ထိုင်းဘတ်ငွေ ၁.၂ သန်း (ကျပ်ငွေသိန်း၃၆၀) တောင်ပေး ၀ယ်ကြတယ်။
(SAW)
ကိုကား mahidol.ac.th
Originally published at - https://www.facebook.com/pauk.si.96?hc_ref=NEWSFEED
Subscribe to:
Post Comments (Atom)
No comments: