
နိုဝင်ဘာလ ၃ ရက်နေ့ နေ့လယ်က တရုတ်နိုင်ငံ အနောက် တောင်ပိုင်း မြို့တမြို့က လူငယ် အမျိုးသား တဦးဟာ သူ့ရဲ့ချစ်သူ အမျိုးသမီးကို လူကြားထဲမှာ ပန်းခွေ ပေးပြီး လက်ထပ်ခွင့် တောင်းခဲ့ပုံကို ဗွီဒီယို ရုပ်သံမှာ တွေ့မြင် ရမှာပါ။
လူငယ် အမျိုးသားလေးဟာ လူစည်ကားတဲ့ မြို့လည်ကောင်မှာ ဒူးထောက်ပြီး သူက သူရဲ့ မဆုံးနိုင်မယ့် အချစ်ကို ကိုယ်စားပြုတဲ့ အနေနဲ့ ပန်းခွေ တခွေကို ကိုင်ပြီး ချစ်သူ ကောင်မလေးကို လက်ထပ်ခွင့် တောင်းခဲ့ တာပါ။
ဒါပေမယ့် ဒီပန်းခွေဟာ တရုတ်နိုင်ငံမှာ အသုဘ အခမ်းအနားတွေ အတွက် သုံးတဲ့ ပန်းခွေ ဖြစ်နေလို့ ကောင်မလေးက အကြီးအကျယ် စိတ်ဆိုး သွားပြီး အမျိုးသားရဲ့မျက်နှာကို ဖြတ်ရိုက်၊ ပန်းခွေကို ပုတ်ချ လွှင့်ပစ်ခဲ့ပြီး ထွက်သွားကာ ကောင်လေး ကတော့ ကောင်မလေးနောက်ကို အပြေး အလွှား လိုက်သွား တာကို ဗွီဒီယို ရုပ်သံမှာ မြင်ရမှာပါ။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/174939

No comments: