
တရုတ်နိုင်ငံမှ အသက် ၁၅ နှစ် အရွယ် ဆယ်ကျော်သက် ယောက်ျားလေး တဦးဟာ အံ့သြဖွယ် လျှပ်စီးလို အရှိန်နဲ့ ကြိုးခုန် ချန်ပီယံ တသင်းလုံးရဲ့ စံချိန်ကို ချိုးပြနိုင် ခဲ့ပါတယ်။
ဆန်ရှောင်လင်းလို့ အမည်ရတဲ့ အဲဒီ လူငယ်လေးဟာ တရုတ်နိုင်ငံ aတာင်ပိုင်း ဂွမ်ဒေါင်း ခရိုင်၊ ဂွမ်ကျိုးမြို့မှ အထက်တန်း ကျောင်းသား တဦး ဖြစ်ပါတယ်။
သူဟာ “မဖြစ်နိုင်သော စိန်ခေါ်မှုများ” လို့ အမည်ပေး ထားတဲ့ ရုပ်သံ အစီအစဉ်မှာ ပါဝင်ပြီး စွမ်းရည်ပြသ ခဲ့တာပါ။
စတိတ်စင်ပေါ်မှာ ဆန်ရှောင်လင်းဟာ အမျိုးသား ကြိုးခုန်လက်ရွေးစင်အသင်းနဲ့ အတူရှိနေခဲ့တာဖြစ်ပြီး အချိန်တိုအတွင်းမှာ အသင်းသား ၅ ဦးပါ တသင်း လုံးထက် ပိုမို လျင်မြန်တဲ့ အရှိန်နဲ့ အကြိမ်ရေ ၁၀၀၀ ထိ ခုန်ပြနိုင် ခဲ့တာပါ။
သူ့ရဲ့ စွမ်းရည်ပြကွက်တွေက ဒိုင်တွေကိုရော ပရိတ်သတ်တွေ ကိုပါ မေးကြောတွေထောင်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားစေတဲ့ အထိ စွမ်းဆောင်နိုင် ခဲ့တယ်လို့ စီစီ တီဗွီသတင်းမှာ ဖော်ပြ ပါတယ်။
From: ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/174480

No comments: