အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, September 13, 2016

ကြောက်မက်ဖွယ် ချောက်ကမ်းပါးစွန်းတွင် စတန့်ထွင်ကပြကြသူများ




တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဟူနန် ခရိုင် ထဲက ဇန်ဂျီရာဂျီ သဘာဝ ဥယျာဉ်ထဲမှ တောင်စောင်း ချောက်ကမ်းပါးစွန်း တခုပေါ်မှာ စက်တင်ဘာ ၁၂ ရက်နေ့က အကအဖွဲ့ တဖွဲ့ဟာ စတန့်ထွင် ကပြခဲ့ ကြပါတယ်။

အဲဒီတောင်စောင်းဟာ အမြင့်မီတာ ၁၃၀၀ ကျော်ရှိပြီး အမေရိကန် ဘန်တလု(ပ်) အကအဖွဲ့ ၀င်တွေဟာ စိတ်လှုပ်ရှားဖွယ် သရုပ်ဖော် ကကွက်တွေကို စတန့်ထွင် ကပြ ခဲ့ကြတာပါ။

ဘန်တလု(ပ်)အကဟာ သဘာဝတရားရဲ့ ဖြစ်တည်မှု၊ အသင်းအဖွဲ့စိတ်ဓာတ်နဲ့ ကမ္ဘာမြေရဲ့ဆွဲအားကို လူ့စိတ်ဝိညာဉ်နဲ့ ဆန့်ကျင်ကပြ သရုပ်ဖော်ရတာမျိုး ဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အကအဖွဲ့ဝင်တွေဟာ ကြည့်ရှုသူ ပရိသတ်တွေကို ဆွဲဆောင်နိုင်ဖို့ ရင်သပ်ရှုမောဖွယ် လှုပ်ရှားမှုတွေ၊ ကကွက်တွေနဲ့အတူ ကြိုးစား အားထုတ် ခဲ့ကြတာကို တွေ့ရပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/168085

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...