အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 16, 2016

အသားစားသုံးမှုရှောင်ရန် လီဗာပူးမြို့လယ်ခေါင် ၀စ်လစ်စလစ်ဖြင့် လှုံ့ဆော်သည့် အမျိုးသမီး




တကယ်လို့များ သင့် အနေနဲ့ လီဗာပူးမြို့ လမ်းမ အလယ်ခေါင်မှ ခရစ္စမတ် ညစာ ပန်းကန်ပြားကြီး တခုပေါ်မှာ အမျိုးသမီး တဦးကို ၀စ်လစ်စလစ် အခြေအနေနဲ့ တွေ့ရမယ် ဆိုရင် ဒါဟာ အမြင်အာရုံ မှောက်မှားမှု တခု မဟုတ်ပါဘူး။

ဒါဟာ တိရစ္ဆာန် အခွင့်အရေး ဆိုင်ရာ လှုပ်ရှား တက်ကြွသူများ အဖွဲ့တဖွဲ့ ဖြစ်တဲ့ ပက်တာ (PETA) အဖွဲ့ရဲ့ စည်းရုံး လှုံ့ဆော် ပညာပေး လှုပ်ရှားမှု တခုပါပဲ။

အမျိုးသမီးဟာ လမ်းမ အလယ်ခေါင်မှ ခရစ္စမတ်ညစာ ပန်းကန်ပြားကြီး ပေါ်မှာ ၀စ် လစ်စလစ် အနေအထားနဲ့ လဲလျောင်းနေ ခဲ့ကာ သူ့ကိုယ်ပေါ်မှာတော့ ဟင်းအနှစ်တွေ လိမ်းကျံကာ ဘေးမှာ ဟင်းသီး ဟင်းရွက်တွေနဲ့ အတူ သရုပ်ပြ ခဲ့တာပါ။

လော့ဒ်လမ်းမကြီး ပေါ်က ဒီလှုပ်ရှားမှုဟာ ပက်တာ အဖွဲ့ရဲ့ “သင့်ရဲ့ ပန်းကန် ပြားပေါ်မှာ ဘယ်သူ ရှိတယ်ဆိုတာ သိနိုင်ဖို့ – အသီး အရွက်တွေသာ စားသုံးပါ” အမည်ရတဲ့ လှုပ်ရှားမှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ မေရာ သတင်း တပုဒ်မှာ ဖော်ပြပါတယ်။

ပက်တာအဖွဲ့ဟာ ခရစ္စမတ်ကာလ အတွင်း လူတွေကို အသား ၀ယ်ယူ စားသုံးမှုတွေ မလုပ်ဖို့ လှုံ့ဆော်တဲ့ အနေနဲ့ ခုလိုသရုပ်ပြ ကြတာပါ။

အဆိုပါအဖွဲ့ရဲ့ ဒါရိုက်တာ တဦးဖြစ်တဲ့ အယ်လီဆာ အယ်လန်က “ပက်တာအဖွဲ့ အနေနဲ့ ခရစ္စမတ် ကာလမှာ လူတွေကို ငြိမ်းချမ်းမှုနဲ့ အသားတွေ မစားသုံးခြင်းဖြင့် တိရစ္ဆာန်တွေကို ဘေးမဲ့ လွှတ်ပေးရာ ရောက်တဲ့ ကောင်းမြတ်တဲ့ စိတ်တွေ ဖြစ်လာစေဖို့ ခုလိုလှုံ့ဆော်မှုတွေ လုပ်တာပါ” လို့ ပြောပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/179975

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...