အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, December 3, 2016

မြွေကို တိုက်ခိုက်ခဲ့သည့် အာဖရိကန် ရှဥ့်




ရှဥ့်တွေဟာ များသော အားဖြင့် ချိုမြိန်တဲ့ အစေ့ အဆံတွေ ကိုသာ စားကြလေ့ ရှိတယ်လို့ သိထား ကြတာပါ။

ဒါပေမယ့် တချို့ရှဥ့်တွေ ကျတော့ တကယ်တမ်း မခံမရပ်နိုင် လောက်အောင် ဆာလောင် လာပြီဆိုရင် သူတို့ဟာ အသား ဘက်ကို လှည့်ပြီး စားသောက်ဖို့ ကြိုးစား ကြတာကို ဒီရုပ်သံ ဗွီဒီယိုဖိုင်က သက်သေ ခံနေ ပါတယ်။

ဒေးလီးမေးလ် သတင်းတပုဒ်မှာ ဖော်ပြတဲ့ ရုပ်သံ ဗွီဒီယိုဖိုင် ထဲမှာတော့ အာဖရိကန် ရှဥ့်ကလေး တကောင်ဟာ မြွေတကောင်ကို အစာ အဖြစ် စားသောက်ဖို့ တိုက်ခိုက် ခဲ့တာကို တွေ့ရပါတယ်။

ရှဥ့်ကလေးဟာ အဲဒီမြွေရဲ့ အမြီးပိုင်းကို ကိုက်ခဲ့ချိန်မှာ မြွေဟာ နာကျင်မှုကြောင့် လူးလွန့်ကာ လျှောထွက်ပြေးဖို့ ကြိုးစားပေမယ့် မလွတ်ဘဲ ရှိနေခဲ့တာပါ။

အဲဒီနောက်တော့ မြွေဟာ သူ့ကို ပြန်ပေါက်ဖို့ ကြိုးစားခဲ့ချိန်မှာတော့ ရှဥ့်ဟာ နောက်ကို ပြန်ဆုတ်နေခဲ့ပြီး အခါကောင်း စောင့်နေခဲ့တာကို တွေ့ရပါတယ်။

ရှဥ့်ဟာ မြွေရှိရာဆီ တိုးကပ်လာခဲ့ပြီး ကိုက်ဖို့ ကြိုးစားလိုက်၊ ပြန်ဆုတ်လိုက်နဲ့ ရှိနေခဲ့တာပါ။

တကြိမ်မှာတော့ ရှဥ့်ဟာ မြွေရဲ့ဦးခေါင်းကို ကိုက်လိုက်နိုင်ပြီး ခဲထားခဲ့ချိန်မှာ မြွေဟာ မလှုပ်ရှားနိုင်ဘဲ ရှိခဲ့တာပါ။

အဲဒီနောက်တော့ မြွေဟာ ရှဥ့်ကို ပြန်တိုက်ဖို့ မကြိုးစားတော့ဘဲ လျှောထွက်ပြေး ခဲ့ချိန်မှာ ရှဥ့်ဟာ သူ့ရဲ့အမြီးပိုင်းကို ခဲကာ စားသောက်ဖို့ ကြိုးစား ခဲ့ကြတာကို တွေ့ရ ပါတယ်။

အင်းဆက်တွေ၊ ဥတွေနဲ့ တခြားအကောင်ဗလောင်ငယ်တွေကိုသာ အသားအဖြစ် စားသောက်ကြတာဖြစ်ပေမယ့် ဒီတိုက်ခိုက်မှုကတော့ တကယ့်ကို အံ့သြစရာပါပဲ။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/178373

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...