အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 6, 2015

ကမ္ဘာအကြီးဆုံး လေယာဉ်ဘေးတွင် သည်းထိတ်ရင်ဖို ပျံသန်းပြသူ ၂ ဦး (ရုပ်သံ)




အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းမြို့ပေါ် ပေ ၄၀၀၀ ကျော်မှာ ကမာ့္ဘ အကြီးဆုံး ခရီး သည်တင် လေယာဉ်နဲ့ အတူ လူ ၂ ဦးက ဂျက်ကျောပိုးအိတ်ကို လွယ်ပြီး ပျံသန်းပြတဲ့ ဗွီဒီယိုကို အဲမရိတ်လေကြောင်းလိုင်းက ဖြန့်ချိ လိုက်ပါတယ်။

ဂျက်အင်ဂျင်တပ် ကျောပိုးအိတ်တွေနဲ့အတူ အတောင်ပါတဲ့ ၀တ်စုံတွေ ၀တ်ဆင်ထားတဲ့ ဒူဘိုင်း လေယာဉ်မှူး ရိုဆီနဲ့ ဗင့်ရဲဖတ်တို့က ရဟတ်ယာဉ်ပေါ်ကနေ ခုန်ချပြီး အဲမရိတ် လေယာဉ်မှူး အာဗတ်စ်ရှာဗန် မောင်းနှင်လာတဲ့ ကမ္ဘာ့အကြီးဆုံး ခရီးသည်တင်လေယာဉ်ဘေးကနေ လိုက်လံ ပျံသန်းခဲ့ကြပါတယ်။

သိမ်းငှက်ဘေးက ခြင်တွေနဲ့ အလားသဏ္ဌာန်တူတယ်လို့ ဂျက်ကျောပိုးအိတ်ကို လွယ်ပြီး လေယာဉ်နောက်ကို ပျံသန်းခဲ့တဲ့ ရိုဆီက ပြောပါတယ်။

ဒီလို အတွေ့အကြုံမျိုး မရှိသလို တတ်နိုင်သလောက် လေ့ကျင့်ထားတယ်လို့လည်း ဗင့်ရဲဖတ်က ပြောပါတယ်။

ဒီလို လေယာဉ်နောက်ကို လိုက်လံမောင်းနှင်နိုင်ဖို့အတွက်က အန္တရာယ်ကြီးသလို စွန့်စားမှုအတွက် အချိန်အကြာကြီး လေ့ကျင်ယူရတယ်လို့ ဆိုပါတယ်။

ဒီလိုလုပ်ဆောင်ရာမှာ လုံခြုံရေးက ပထမဦးစားပေးဖြစ်တယ်လို့လည်း ဆိုပါတယ်။


by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/120545

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...