အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, September 23, 2016

သဘာဝအရှိတရားကို လက်ခံစေရန် ၀စ်လစ်စလစ်ဖြင့် လှည့်လည်ခဲ့ကြသည့် အမျိုးသမီးများ




အာဂျင်တီးနား အမျိုးသမီး ၄ ဦးပါ အုပ်စု တစုဟာ မြို့တော် ကွန်ဂရက် ပလာဇာ အ စိုးရ အဆောက် အအုံ ပြင်ပမှာ ၀စ်လစ်စလစ်နဲ့ လမ်းလျှောက် လှည့်လည် ခဲ့ကြလို့ လမ်း သွား လမ်းလာ တွေဟာ အံ့အား တသင့်ဖြစ်ခဲ့ ကြရ တယ်လို့ မေရာ သတင်းမှာ စက်တင် ဘာလ ၂၂ ရက်နေ့က ဖော်ပြ ပါတယ်။



သူတို့ဟာ ခုလို လမ်းလျှောက် လှည့်လည် တာဟာ အမျိုးသမီး တွေရဲ့ ၀စ်လစ်စ လစ် အခြေ အနေမှာ အရှိတရားနဲ့ သည်းခံနိုင်စွမ်းကို မြှင့်တင်နိုင် စေဖို့ဖြစ်တယ်လို့ ဆိုပါ တယ်။

ဒါဟာ မြို့ပြ ၀စ်လစ်စလစ် သရုပ်ဖော်ပြသမှုလို့ နာမည် တပ်ရမယ့် လှုပ်ရှားမှု တခု ဖြစ်တယ်လို့ သူတို့ထဲမှ ဦးဆောင်သူတဦးဖြစ်တဲ့ ပေါ်လာ ဘရင်ဒီဆီက ပြောပါတယ်။

“ဒါဟာ အရှိတရားကို တယောက်နဲ့ တယောက် လက်ခံ သိနားလည် လာစေဖို့ လှုပ် ရှားမှု တခုပါပဲ။ အမျိုးသား တဦးက ရင်သားတွေ ဖော်တာမျိုး လုပ်ရင် ဘယ်သူကမှ အံ့သြ မှာ မဟုတ်ပေမယ့် အမျိုးသမီး တယောက်ရဲ့ ရင်သားတွေကို မြင်လိုက် ရရင်တော့ မျက် မှောင်ကျုံ့ကြည့်တတ် ကြတာ မျိုးပါ”

သူတို့တွေဟာ လမ်းမတွေပေါ်မှာ ခုလိုလမ်းလျှောက်လှည့်လည်ခဲ့ချိန်မှာ လမ်း သွားလမ်းလာတွေဟာ အံ့အားတသင့်နဲ့ ဓာတ်ပုံတွေရိုက်ယူ ငေးကြည့်နေခဲ့ကြတယ်လို့ ဆိုပါတယ်။

ပေါ်လာ ဘရင်ဒီဆီက “ကျမတို့ ခုလုပ်ဆောင်မှုရဲ့ ရည်ရွယ်ချက်ဟာ လိင်မှုဆိုင် ရာ ကိစ္စတွေနဲ့ တခြားအရာ တွေကို ရည်ရွယ်တာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။

ဒါပေမယ့် မကြာခင်မှာပဲ ရဲတွေ ရောက်လာခဲ့ကြပြီး သူတို့ကို ခုလိုသရုပ်ပြမှု မျိုးတွေ လုပ်ဖို့ မလိုအပ် ဘူးလို့ တားမြစ် ခဲ့ကြတာပါ။

သူတို့ကို ခုလိုဝစ်လစ်စလစ် အခြေအနေနဲ့ တွေ့မြင်နေရတာကို သက်တောင့် သက်သာမရှိဘူးလို့ လမ်းသွားလမ်းလာတွေက ဝေဖန်နေ ကြတာပါ။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/169645

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...