အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 4, 2015

Wifi နဲ့ မတည့်တဲ့ ရှားပါးရောဂါ ခံစားရသူ ဆယ်ကျော်သက် တစ်ဦး ကြိုးဆွဲချ




ဗြိတိန်နိုင်ငံသား၊ ဆယ်ကျော်သက် ကျောင်းသူ ကောင်မလေး တစ်ဦးဟာ WiFi နဲ့ ဓာတ် မတည့်တဲ့ ရှားပါး ရောဂါ စတင် ခံစားခဲ့ ရပြီးနောက် သစ်ပင်မှာ ကြိုးဆွဲချ သေဆုံးနေ တာကို တွေ့ ရှိခဲ့ ရပါတယ်။

Jenny Fry ဆိုသူ ကောင်မလေးဟာ electro-hypersensitivity လို့ ခေါ်တဲ့ လျှပ်စစ် သံလိုက်လှိုင်း တွေကို အထိ မခံနိုင်တဲ့ ရောဂါခံစားနေ ရသူဖြစ်ပြီး ထိုလှိုင်းတွေနဲ့ ထိတွေ့ မိ ပါက ခေါင်းအကြီး အကျယ် ကိုက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းနဲ့ ဆီးအိမ်နဲ့ ပတ်သက်တဲ့ဝေဒနာတွေ ခံစားနေရသူ ဝေဒနာရှင်ဖြစ်ပါတယ်။

Jenny ရဲ့ အလောင်းကို အင်္ဂလန်နိုင်ငံ၊ Oxfordshire ကောင်တီ၊ Chadlington နယ်မြို့ လေးမှာရှိတဲ့ သူမရဲ့ အိမ်အနီးနားက သစ်ပင်မှာ ကြိုးဆွဲချသေဆုံးလျက်ရှိနေတာကို တွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။

သူမသေဆုံးခဲ့တဲ့နေ့ အစောပိုင်းတုန်းက Jenny ဟာ သူငယ်ချင်းတစ်ယောက်ကို သူမ ဒီနေ့ ကျောင်းမလာဖြစ် ဘူးလို့ စာပို့ ထားတယ်လို့ လည်း သိရှိရပါတယ်။

Jenny ရဲ့ မိဘနှစ်ပါးဖြစ်သူ Debra နဲ့ Charles Newman တို့ က သူတို့ သမီးလေးဟာ WiFi ကြောင့် နာမကျန်း ဖြစ်နေ ရတယ်လို့ ယုံကြည်ကြောင်း သေမှုသေခင်း စစ်ဆေးရေး အရာရှိကို ပြောပြခဲ့ပါတယ်။

မိဘနှစ်ပါးဟာ သူတို့ အိမ်က တပ်ဆင်ထားတဲ့ WiFi ကို ဖျက်ပစ်လိုက်ပေမယ့်လည်း၊ Jenny တက်နေတဲ့ Chipping Norton School မှာတော့ WiFi သုံးစွဲလျက်ရှိတယ်လို့ ဆိုပါတယ်။

“ သမီးကော ကျွန်မပါ ခဏခဏနာမကျန်းဖြစ်နေလို့ ကျွန်မ စူးစမ်းလေ့လာကြည့်မိတဲ့အခါ အန္တရာယ်ရှိတဲ့ Wi-Fi လှိုင်းတွေကြောင့် ဖြစ်နိုင်တယ်ဆိုတာ တွေ့ ခဲ့ရပြီး အိမ်မှာ Wi-Fi ဖြုတ်ခဲ့ပါတယ်။ နောက်ပိုင်း Jenny ကော ကျွန်မပါ အိမ်မှာ နေမကောင်းမဖြစ်တော့ပေမယ့်၊ Jenny လေးကတော့ ကျောင်းရဲ့တစ်ချို့ နေရာတွေရောက်မှ နာမကျန်းဖြစ်တာမျိုးတွေရှိနေခဲ့ပါတယ်” လို့ Mrs Fry က ပြောပြပါတယ်။

Mrs Fry ဟာ ကျောင်းအုပ်ထံသွားပြီး Jenny မှာ Wi-Fi နဲ့ ဓာတ်မတည့်တဲ့ရောဂါရှိကြောင်း အချက်အလက် တွေ ယူဆောင်ရှင်းပြခဲ့ပေမယ့် ကျောင်းအုပ်က WiFi ဟာ အန္တရာယ်ကင်း၊စိတ်ချရကြောင်း အလားတူ အချက်အလက်၊အကိုးအကားတွေရှိတယ်လို့ ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။

“ Jenny ဟာ ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်ဖို့ ရည်ရွယ်ချက်မျိုးမရှိဘူးလို့ ကျွန်မလုံးဝယုံကြည်ပါတယ်။ ကလေးက ကျောင်းသွားရတာ တော်တော်စိတ်ပျက်နေတာပါ” လို့ သူမက ပြောခဲ့ပါတယ်။

အခုအခါ Jenny ရဲ့ မိဘတွေဟာ ကလေးထိန်းဌာနတွေနဲ့ ကျောင်းတွေမှာ WiFi တပ်ဆင်ထားမှုကို ဖြုတ်ပစ်ဖို့  ဆောင်ရွက်နေပြီး အစိုးရကိုလည်း EHS ခေါ် လျှပ်စစ်သံလိုက်လှိုင်းဓာတ်မတည့်မှုရောဂါအကြောင်း ထဲထဲ ၀င်ဝင်လေ့လာမှုတွေပြုလုပ်ပေးဖို့ တောင်းဆိုထားပါတယ်။

Ref : Mirror

Original link - http://knowledge.thithtoolwin.com/2015/12/wifi.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...