အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 11, 2015

ညစ်ညမ်းရုပ်ရှင်(Porn) တက္ကသိုလ် ကို Porn မင်းသား Rocco Siffredi စတင်




ညစ်ညမ်း ရုပ်ရှင်(Porn) တွေထဲမှာ ပါဝင် သရုပ်ဆောင်ဖို့ အတွက် ဘာတွေ တတ်ထားဖို့ လိုအပ် မယ်လို့ သင်ထင် ပါသလဲ? ကမ္ဘာကျော် Porn Star တွေလို အောင်မြင် လာဖို့ အတွက် ဆိုရင်တော့ Porn သရုပ်ဆောင်ခြင်း အတတ် ပညာတွေ များစွာ တတ်ထားဖို့ လိုအပ် ပါတယ်။

Porn တွေထဲမှာ ပါဝင်သရုပ်ဆောင်ပြီး Porn Star ဖြစ်လိုသူတွေအနေနဲ့တော့ အီတလီ နိုင်ငံက Porn မင်းသား Rocco Siffredi ကို ကျေးဇူးတင်ရမှာပါ။ Rocco ဟာ Porn အတတ်ပညာတွေကို သင်ပေးပြီး ဘွဲ့အဖြစ်ပေးအပ်မယ့် University of Porn ဆိုတဲ့ ညစ်ညမ်းရုပ်ရှင် တက္ကသိုလ် ကို ဖွင့်လှစ်လိုက်ပါတယ်။ ဒါပေမယ့်လည်း နေရာ တစ်ခုမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းပုံစံ မျိုးတော့ မဟုတ်ပါဘူး။

Rocco ဟာ ကမ္ဘာတစ်ဝှမ်း လုံးမှာ အောင်မြင်မှုရခဲ့တဲ့ ညစ်ညမ်းရုပ်ရှင်ပေါင်း ၁၃၀၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ဖူးသူ ဖြစ်တဲ့အတွက် သူ့ရဲ့ အတွေ့အကြုံနဲ့ ဗဟုသုတတွေကို ပြန်လည်ဝေမျှတဲ့အနေနဲ့ "Siffredi Hard Academy" ဆိုတဲ့ခေါင်းစဉ်ရှိတဲ့ ဖြစ်ရပ်မှန် ရှိုးတစ်ခုကို ပြသသွားမှာ ဖြစ်ပြီး ထို ရှိုးမှာတော့ Rocco ကိုယ်တိုင် သင်တန်းသားတွေကို ထရိန်နင် ပေးနေတဲ့ မှတ်တမ်းရုပ်ရှင်(Documentary) တွေကို ပြသမှာဖြစ်ပါတယ်။

အီတလီ သတင်းဌာန တစ်ခုဖြစ်တဲ့ Perfil က ဖော်ပြခဲ့တာကတော့ Rocco ဟာ သူ့ရဲ့ ညစ်ညမ်းရုပ်ရှင် ဖန်တီးတဲ့နည်းလမ်း တွေ ကို သင်ကြားပြသပေးသွားမှာ ဖြစ်တယ် ဆိုတာပါပဲ။

" ငါ့မှာ သာမန်ဘ၀ တစ်ခုရှိတယ် ။ ငါဘယ်ကလာတယ်ဆိုတာ ငါမမေ့ဘူး။ အောင်မြင်မှုဆိုတာဟာလည်း ငါ့ကို လက်တွေ့ဘ၀ နဲ့ ဝေးကွာသွားအောင် မလုပ်နိုင်ခဲ့ပါဘူး" လို့ Rocco က Perfil သတင်းဌာန ကို ပြောပြပါတယ်။

လက်ရှိမှာတော့ Rocco မှာ ကျောင်းသူ ၊ ကျောင်းသာ ၂၁ ယောက်ရှိနေပါပြီ။ အမျိုးသမီး ၇ ယောက်နဲ့ အမျိုးသား ၁၄ ယောက်တို့ပဲ ဖြစ်ပြီး Rocco ဟာ သူ့တပည့်တွေကို လိင်ဆက်ဆံတဲ့ Position တွေအပါအ၀င် ကင်မရာ ရှေ့မှာ စမ်းသပ် သရုပ်ဆောင်စေပြီး စစ်ဆေးမှုတွေပါ ပြုလုပ်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။



Original link - http://knowledge.thithtoolwin.com/2015/10/porn-porn-rocco-siffredi.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...