အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, October 11, 2015

စက်ဘီးနင်းပြီး ဘီယာ သောက်သုံးနိုင်မယ့် Beer Bikes ကို ကယ်လီဖိုးနီးယားမှာ ခွင့်ပြု




အမေရိကန် ပြည်ထောင်စု ကယ်လီ ဖိုးနီးယား ပြည်နယ် ရဲ့ မြို့တော်ဝန် Jerry Brown ဟာ "Beer Bikes" လို့ခေါ်တဲ့ လူဦးရေ ၁၅ ယောက် တိတိ စက်ဘီး နင်းပြီး မောင်းနှင်ကာ ဘီယာ သောက်သုံး နိုင်မယ့် ရွေ့လျားဘား တစ်ခုကို လမ်းတွေ ပေါ်မှာ တရားဝင် ဖွင့်လှစ်ခွင့် ပေးလိုက် ပါတယ်။

တနင်္ဂနွေနေ့ တုန်းက Brown ရဲ့ ရုံးခန်းပိုင် Twitter စာမျက်နှာ ကနေ မြို့တော်ဝန် Jerry Brown နဲ့ သူ့ရဲ့ ဇနီးဖြစ်သူ Anne Gust Brown တို့ဟာ သူတို့ရဲ့ ခွေးကလေး ၂ ကောင်နဲ့ အတူ Sacramento မြို့က ရွေးလျား ဘီယာဘား ကို ဖွင့်ခွင့် အတွက် လက်မှတ် ရေးထိုးပေး ခဲ့ကြတဲ့ ဓါတ်ပုံတွေကို ပြသခဲ့ ပါတယ်။

အဲဒီနောက် မှာတော့ မြို့တော်ဝန် Jerry Brown ဟာ ပြည်နယ် လွှတ်တော် အမတ်တွေ ဖြစ်တဲ့ Richard Pan နဲ့အတူ ထို ရွေ့လျား ဘီယာဘားကို လိုက်ပါ စီးနင်းပြီး ဘီယာ သောက် ခဲ့ကြတယ်လို့ သိရ ပါတယ်။

ထို Beer Bikes ဆိုတဲ့ စက်ဘီးနင်းပြီး ရွေးလျာအောင် လုပ်ရတဲ့ ဘီယာဘားဟာ Sacramento နဲ့ San Diego မြို့တို့မှာ ရှိတဲ့ ခရီးသွား အဖွဲ့တွေ အတွက် ပေါ်ပြူလာ အဖြစ်ဆုံး သယ်ယူ ပို့ဆောင်ရေး စနစ် လည်း ဖြစ်လာ ခဲ့ပါတယ်။ ထို ဘီယာ ဘားကြီးဟာ စားသောက်ဆိုင် တွေနဲ့ ဘားတွေရဲ့ စီးပွားရေး ကိုပါ ထိခိုက်လာ စေတော့မှာပါ။

ဒါပေမယ့်လည်း မြို့တော်ဝန် Brown ရဲ့ ထို စက်ဘီး နင်းရင်း ဘီယာသောက် ရတဲ့ ရွေးလျား ဘီယာဘား ကိုဖွင့်လှစ်ပေး ခဲ့မှုဟာ အခြားပြည်နယ် အစိုးရတွေ အတွက်တော့ စက်ဘီး စီးရင်း ယမကာ မှီဝဲခွင့် ရှိသလား ဆိုတဲ့ မေးခွန်းမျိုးတွေ မေးစရာ ရှိလာခဲ့ ပါတယ်။



Original link - http://knowledge.thithtoolwin.com/2015/10/beer-bikes.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...