
အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီ ကလင်တန်က ၂၀၁၆ ရွေးကောက်ပွဲမှာ ရီပတ်ပလီကင် ပါတီကနေ ကိုယ်စားပြု ရွေးချယ်ခံဖို့ ကြိုးစားနေတဲ့
ဒေါက်တာ ဘန်ကာဆန်ကို သူရဲ့ နောက်ဆုံးထွက် စာအုပ် လက်ဆောင် ပေးပို့ ခဲ့ပါတယ်။
ဒေါက်တာ ကာဆန် မဲဆွယ် စည်းရုံးရေး အဖွဲ့က ဟီလာရီ ကလင်တန်ရဲ့ စာအုပ် အသုံး ၀င်ပုံကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်နဲ့ တုံ့ပြန် လိုက်ပါတယ်။
ဒီဗွီဒီယို ဖိုင်ထဲမှာ ဟီလာရီ ကလင်တန်ရဲ့ စာအုပ်ကို လူတွေက ကော်ဖီခွက် တင်ဖို့၊ ကွန်ပျူတာ ကြည့်ဖို့၊ အမြင့်က မမှီတဲ့ ပစ္စည်းတွေကို ယူရာမှာ ခုပြီး တက်ယူဖို့၊ တံခါးခုဖို့နဲ့ အလေးမတဲ့ ကိရိယာ အဖြစ် ဘယ်လို အသုံးပြု သလဲ ဆိုတာကို ရိုက်ကူး ထားပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/115844







No comments: