အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 10, 2015

ရဲတွေ လိုက်ဖမ်းတာကို တိမ်းရှောင်ဖို့ အတွက် ပင်လယ်ထဲ တည့်တည့် မောင်းပြေးတဲ့ ကားသူခိုး




သြစတြေးလျ နိုင်ငံမှာ ကားသူခိုး လို့ သံသယ ရှိခံရသူ တစ်ဦးဟာ ရဲတွေ လိုက်ဖမ်း တာကို တိမ်းရှောင်ဖို့ အတွက် ပဟေဠိဆန်တဲ့ နည်းဗျူဟာ တစ်ခုကို အသုံးချ သွားတဲ့ အတွက် ရဲ တွေပါ အံ့အားသင့် သွားရပါတယ်။ အဲဒီ ကားသူခိုး ရဲ့ နည်းဗျူဟာ ကတော့ ပင်လယ်ထဲကို တည့်တည့်ကြီး ကားကို မောင်းချ သွားတာပါပဲ။

ရဲတွေကတော့ ဒီ ကားသူခိုးကို ဖမ်းဖို့ အတွက် ပင်လယ်ထဲ ထိုးဆင်းသွားတဲ့ ထိုကားကို ၀န်ချီနဲ့ ပြန်ဆွဲတင် လိုက်ရင် ရပြီလို့ ထင်လိုက် ပါတယ်။ ဒါပေမယ့်လည်း ကားသူခိုးက လက်မလျှော့ပဲ ပင်လယ်ထဲ ရောက်နေတဲ့ ကားကို ညာဘက်ကို ကွေ့ပြီး ပင်လယ်တစ်လျှောက် သမုဒ္ဒရာဘက် ထိပင် မောင်းသွားဖို့ ကြိုးစား ပါသေးတယ်။

ဒါပေမယ့်လည်း ကားသူခိုး တိုင်ပတ် သွားပါတယ်။ ကံမကောင်း စွာနဲ့ပဲ ကားရဲ့ ဘေးဘက် ခရီးသည် ထိုင်ခုံဘက်ခြမ်းက ပြတင်းပေါက် ကို မပိတ်ထား မိတဲ့ အတွက် လှိုင်းနဲ့ ပါလာတဲ့ ရေတွေဟာ ကားထဲကို ၀င်လာပြီး ကား ရေမြုပ် သွားပါတော့တယ်။

အဲဒါ ကြောင့် ကားသူခိုးလည်း ကားထဲက အတင်းထိုး ထွက်ပြီး ကားခေါင်မိုးပေါ်တက်ထိုင်နေရ ပါတော့တယ်။

အဲဒီတော့မှ ရဲအရာရှိ ၂ ယောက်ဟာ ပင်လယ်ထဲဆင်းပြီး ကားသူခိုး ကို ဖမ်းလိုက် ပါတော့တယ်။ ကြည့်ရတာတော့ ကား သူခိုးဟာ ကားခေါင်မိုးပေါ် ကနေ ထပ်ပြီး ထွက်ပြေးဖို့ ကြိုးစားချင်ပုံ ရပါတယ်။

ဒါပေမယ့်လည်း ဒီအခြေအနေကို မှတ်တမ်းတင် စောင့်ကြည့်နေတဲ့ ရဟတ်ယာဉ် တစ်စင်းဟာ ထို ကားသူခိုး ရဲ့ အပေါ်တည့်တည့်မှာ ရှိနေ တာကြောင့် သူလည်း လက်လျှော့ လိုက်တာဖြစ်မှာပါ။

သြစတြေးလျ အနောက်ပိုင်းဒေသ ၊ ရဲတပ်ဖွဲ့ ရဲ့ ပြောကြားချက် အရတော့ ထိုကားဟာ ပုံမှန်အတိုင်း မဟုတ်ပဲ မောင်းနှင် လာတာကို သတိထား မိလိုက်ကတည်းက ရဲတွေ က တောက်လျှောက် လိုက်ပြီး စစ်ဆေးဖို့ ကြိုးစားနေ တာဖြစ်ပြီး ထိုကားကတော့ လုံးဝ မရပ်မနားကို မတည်မငြိမ် နဲ့ မောင်းပြေး သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ရဲတွေကတော့ ထိုကားဟာ ခိုးယူလာတာဖြစ်တယ်လို့ ယုံကြည် ထားကြပါတယ်။

( Mario )

သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_25.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...