အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 10, 2015

စားသောက်နေတုန်းမှာ အသက်ပြန်ဝင်လာတဲ့ ငါးချိုချဉ်ဟင်း




တရုတ်နိုင်ငံက စားသောက်ဆိုင် တစ်ခုမှာ ၊ ဗိုက်ဆာနေတဲ့ စားသုံး သူတွေဟာ မှာထားတဲ့ ဟင်းကို အပီအပြင် လွေးနေချိန်မှာပဲ ပန်းကန်ပြား ပေါ်မှာ တည်ခင်းထားတဲ့ ငါးချိုချဉ်ဟင်းက အသက် ၀င်လာ ခဲ့ပါတယ်။

ခဲအရင့်ရောင် ခေါင်းကို ပန်ကန်းပြား အစွန်းမှာ ပုံစံမပျက် တည်ခင်းထားကာ ကိုယ်ပိုင်း ကိုတော့ ပြုတ်ချက် ချက်ခံ ထားရ ပေမယ့် ဒီငါးဟာ စားနေစဉ် မှာပဲ စတင် လှုပ်ရှား လာခဲ့ ပါတယ်။

ဗိုက်ဆာနေတဲ့ စားသုံး သူတွေဟာ အညိုရောင်ဆော့အနှစ်တွေနဲ့ အသီး အရွက်တွေ ဖုံးထားတဲ့ ငါးရဲ့ ပန်းရောင် သမ်းနေတဲ့ အသားဖြူဖြူကို တူနဲ့ ဂရုတစိုက် ရွေးစားလိုက် တိုင်းမှာ ငါးဟာ ဆန့်ငင် ဆန့်ငင် ဖြစ်နေတာကို ဗီဒီယိုမှာ တွေ့ ရပါတယ်။

ဒီ ထူးဆန်းတဲ့ ဗီဒီယိုကို တရုတ်နိုင်ငံ၊ Yuexiu ခရိုင်က စားသောက်ဆိုင် တစ်ဆိုင်မှာ ရိုက်ကူး ထားတာ ဖြစ်တယ်လို့ ယူဆရ ပါတယ်။

ငါးဟာ သူ့ အသားအတုံး အတစ်တွေကို ယူစား ခံရချိန်မှာ၊ ပန်းကန်ပြား အစွန်းပေါ်မှာ တွန့် လိမ် လှုပ်ခါ နေပါတယ်။ မီးခိုးရောင် ဆူးတောင်တွေဟာ နာကျင် မှုကြောင့် တဖျပ်ဖျပ် ခတ်နေတာကို တွေ့ ရတာကြောင့် ဟင်းပွဲ စားနေသူက တူနဲ့ သူ့ ကိုယ်ထဲ တူးဆွ နေချိန်မှာ ငါးဟာ အသက်ရှိနေ သေးတယ်လို့ ယူဆရပါတယ်။

ပန်းကန်ပြားပေါ်က ငါးတဖျပ်ဖျပ် လူးနေ ပေမယ့်လည်း၊ ဗိုက်ဆာနေတဲ့ စားသောက်သူဟာ ချိုချဉ်ဟင်း အနှစ် တွေနဲ့ ငါးဟင်းကို စားရတာ အာရုံပျက် သွားပုံ မပေါ်ပါဘူး။

ဒီဗီဒီယိုကို ဘယ်တုန်းက ရိုက်ထားလဲ ဆိုတာ မသိရပေမယ့် ငါးသေနေရာ ကနေ ပြန်အသက် ၀င်ပြီး တွန့်လိမ် လှုပ်ရှားတာ ပထမဆုံး အကြိမ် မဟုတ်တော့ပါဘူး။

အမျိုးသမီး တစ်ယောက်ဟာ ငါးအကြေးခွံ ခွာနေတုန်းမှာ ခေါင်းဖြတ် ထားတဲ့ ငါးက သူမလက်ထဲမှာ စတင် လှုပ်ရှားလူးလွန့် လာတဲ့ ဗီဒီယို တစ်ခု ထွက်ပေါ်ခဲ့ပါသေးတယ်။



သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_47.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...