အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 10, 2015

သင်ပေါင်းပိုး အရှင်ကို စားရလောက်အောင် ဘယ်လောက်များ ဗိုက်ဆာနေလို့လဲ




ဒီလို တွားသွား ပိုးကောင် aတွကို စားဖို့ရောင်းတာ နှစ်ပိုင်း အတွင်း သိသိသာသာ များလာ ပါတယ်။ မတူညီတဲ့ ပရိုတိန်းဓာတ်ကို ရတယ်ဆိုပြီး ရောင်းစားဖို့ လုပ်လာ ကြလို့ပါ။

ဆေးဘက်ဝင် အရွက်တွေထည့်၊ ဟင်းခတ် အမွှေးအကြိုင်တွေ ထည့်ပြီး ပိုးကောင်တွေကို ချက်စား တယ်ဆိုရင် ခင်ဗျားတို့ စိတ်ထဲ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။ ခုတော့ အသက်ရှင်လျက် ရှိနေတဲ့ ပိုးကောင်ကို ပါးစပ်ထဲထည့်ပြီး စားတယ်ဆိုတော့ တော်ရုံတန်ရုံ အစားအသောက် သောင်းကျန်းတဲ့ သူကိုတောင် တုန်လှုပ် သွားစေမှာပါ။

ဒီလို အသက် ရှင်လျက် ပိုးကောင်ကို ပါးစပ်ထဲ ထည့်ပြီး စားတဲ့ ဗီဒီယိုဖိုင်တွေ Facebook ပေါ်မှာ ပြန့်လို့ နေပါတယ်။ သင်ပေါင်းပိုးတွေကို ပဲငံပြာရည်၊ လျှာလကာရည် စိမ်ပြီး စားနေတဲ့ အကျီင်္မဲ့ လူတွေကို ရိုက်ထားတဲ့ ဗီဒီယိုဖိုင်ပါ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က Facebook ပေါ်မှာ စပြီး တင်ခဲ့တာဖြစ်ပြီး Like တစ်သောင်းထက် မနည်း ရရှိခဲ့ တယ်လို့လည်း သိရပါတယ်။

ဒီလိုထူးခြားဆန်းပြား အစားအစာနဲ့ ဘီယာ ပုလင်းတွေ ချပြီး စားသောက်နေ ကြတဲ့ အကျီင်္မဲ့ လူအုပ်စုပါတဲ့ ဗီဒီယိုဖိုင်ကို တင်ခဲ့ သူကတော့ စင်ကာပူ လူမျိုး ဓာတ်ပုံဆရာ Willy Foo ဆိုသူပါပဲ။ ထိုင်း ဒါမှမဟုတ် ကမ္ဘောဒီယားမှာ ရိုက်ကူး ခဲ့ပုံရပါတယ်။



ပန်းကန်ရဲ့ အပြင်ဘက်ကို ရောက်အောင် လူးလွန့် လှုပ်ရှားနေတဲ့ ပိုးကောင်တွေကို အရှင် (ဒါမှမဟုတ်) ချက်ပြီး စားလို့ရပါတယ်တဲ့။ လူးလွန့်ပြီး ထွက်ပြေးနေတဲ့ သင်ပေါင်းပိုးကောင် တွေဟာ ကျွမ်းကျင်လှတဲ့ တူညှပ်ချက်တွေ အောက်မှာ ခပ်မြန်မြန်ပဲ မိသွား ကြပါတယ်။

လူတစ်ယောက်ကတော့ ညှပ်ထားတဲ့ တူကို ပါးစပ်ဆီ ပို့လိုက်ပြီး မြိုမချ ခင်မှာပဲ ခပ်သုပ်သုပ်လေး ၀ါးလိုက် ပါတယ်။ ကျန်တဲ့သူတွေ ကတော့ ဝေးခနဲ၊ ၀ါးခနဲ ကောင်းချီးပေး လိုက်ကြပြီး တစ်ယောက် တစ်လှည့်စီ စားတာကို ကင်မရာက ပတ်ရိုက်တော့တာပါပဲ။

ပြီးခဲ့တဲ့ နှစ်နာရီလောက် အထိတော့ ဒီဗွီဒီယိုဖိုင်ကို လူ ၃သန်းနီးပါး ၀င်ကြည့်ကြပြီး၊ share လုပ်သူ အရေအတွက် ကလည်း ၅သောင်းကျော် ရှိနေပါတယ်။ အင်းဆက်ကောင်၊ ပိုးကောင်တွေ စားတဲ့ အကျင့်က ကမ္ဘာ့နေရာ အချို့မှာ ကြွင်းကျန် ရစ်ဆဲဖြစ်ပြီး လူဦးရေ သန်းနှစ်ထောင် အနည်းဆုံး ရှိတယ်လို့ ကုလသမ္မဂ၊ အစားအစာနှင့် စိုက်ပျိုးမွေးမြူရေး အဖွဲ့ အစည်းရဲ့ အချက်အလက်တွေ အရ သိရပါတယ်။

သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_10.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...