
လူတွေ အနေနဲ့ တိရစ္ဆာန်တွေ ဘာတွေ ပြောကြ သလဲဆိုတာ မသိနိုင် ပေမယ့် ဒီ ကြက်တူရွေး လေးကတော့ ခွေးတွေ၊ ကြောင်တွေ ဘာပြော ကြသလဲဆိုတာကို တိတိ ကျကျကို သိနိုင်စွမ်း ရှိပါတယ်။
သူ့ရဲ့ တကိုယ်တော် စွမ်းရည်ပြ ရုပ်သံ ဗွီဒီယို ဖိုင် ထွက်ပေါ် လာခဲ့ပြီး နောက်မှာ တရုတ် လူမှု ကွန်ရက် စာမျက်နှာ တွေပေါ်မှာ သီတင်းပါတ် တခုအတွင်း အကြိမ်ရေ ၅ သောင်းထက် မနည်း ၀င်ရောက် ကြည့်ရှုခဲ့ ကြတယ်လို့ စီစီတီဗွီ သတင်း တပုဒ်မှာ ဖော်ပြ ပါတယ်။
ကြက်တူရွေးကလေးရဲ့ စွမ်းရည်ပြပြောဆိုမှုတွေဟာ လူတွေကို ရယ်မောပျော်ရွှင်စေပြီး အံ့သြစရာဖြစ်နေတာပါ။
သူဟာ တကိုယ်တည်း ခွေးတကောင်ဟာ ဘယ်လိုပြောသလဲ၊ ကြောင်တကောင် ဟာ ဘယ်လိုပြောသလဲလို့ မေးမြန်းခဲ့ပြီးနောက်မှာ ခွေးအသံ ‘၀ုတ်ဝုတ်’နဲ့ ကြောင်အသံ ‘မီးအို’ဆိုပြီး အသံထွက်ပြခဲ့တာပါ။
ဒီကြက်တူရွေးကလေးဟာ မန်ဒရင်းဘာသာနဲ့ အင်္ဂလိပ်ဘာသာစကားတွေသာမကပဲ သင်္ချာညီမျှခြင်းပုစ္ဆာတွေကိုပါ တွက်ချက်နိုင်တဲ့စွမ်းရည်ရှိတယ်လို့ ဆိုပါတယ်။
ဒီဗွီဘီ by DVB
Originally published at - http://burmese.dvb.no/archives/155384

No comments: