အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, June 16, 2016

ကမ္ဘာမြေမှ မီသိန်းဓာတ်ငွေ့များ ယိုစိမ့်နေမှုကို NASA က အာကာသမှ ပထမဆုံး အကြိမ် ရှာဖွေတွေ့ရှိ


NASA saw Aliso Canyon methane gas leak from space

ဝါရှင်တန် ၊ ၁၆-၆-၂၀၁၆

အာကာသ အတွင်း လှည့်ပတ် နေသည့် NASA ၏ အာကာသယာဉ် သည် ကမ္ဘာမြေ ပေါ်ရှိ သဘာဝ ဓာတ်ငွေ့ နှင့် ရေနံများ သိုလှောင် ထားသည့် အဆောက် အအုံ တစ်ခုမှ မီသိန်း ဓာတ်ငွေ့ များ ယိုစိမ့် နေမှုကို ပထမဆုံး အကြိမ် အဖြစ် ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း ဇွန် ၁၅ ရက် ထုတ်ပြန်ချက် များအရ သိရသည်။

NASA အဖွဲ့သည် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ပေါ်တာရန့်ခ်ျ ဒေသ အနီးရှိ Aliso Canyon အဆောက် အအုံမှ မီသိန်း ဓာတ်ငွေ့များ ယိုစိမ့် နေခြင်းကို Hyperion ကိရိယာ အသုံးပြု၍ ပထမဆုံး အကြိမ် ရှာဖွေ ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေ့လာ တွေ့ရှိချက်သည် အားကောင်းသည့် ဖန်လုံအိမ် ဓာတ်ငွေ့များ ထုတ်လွှတ် နေခြင်းကို အာကာသမှ ရှာဖွေမှုများ လုပ်ဆောင်ရန် နှင့် လေ့လာ စောင့်ကြည့်ရန်တို့ အတွက် အရေးကြီးသော အောင်မြင်မှု ရလဒ်တစ်ခု ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ မီသိန်း ဓာတ်ငွေ့များ ယိုစိမ့်နေမှု ကို အာကာသမှ ရှာဖွေတွေ့ရှိ မှုသည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း NASA မှ သုတေသီ တစ်ဦးဖြစ်သည့် ဒေးဗစ်သွမ်ဆန် က ပြောကြား ထားသည်။

အဆိုပါ သုတေသန ပြုလုပ်မှုသည် ပြီးခဲ့သည့်နှစ် က ယင်း အဆောက် အအုံ မှ မီသိန်း ဓာတ်ငွေ့များ မတော်တဆ ယိုစိမ့်မှု ဖြစ်ပွား ခဲ့ခြင်းကို စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်ရန် တစ်စိတ် တစ်ပိုင်း ပါဝင်ကြောင်း သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/06/nasa.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...