အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, June 16, 2016

ဖန်တီးထားသည့် နာနိုချောင်း များက လေထုမှ ရေငွေ့ကို စုပ်ယူကာ ရေအဖြစ် သိုလှောင်ထားနိုင်သည့် အစွမ်းရှိ




ဝါရှင်တန် ၊ ၁၆-၆-၂၀၁၆

Pacific Northwest National Laboratory (PNNL) မှ သုတေသီ များသည် ကာဗွန်ကြွယ်ဝသော နာနို အချောင်း များကို ဖန်တီး ပြုလုပ် ခဲ့ရာ လေထုမှ ရေငွေ့ကို စုပ်ယူကာ ရေအဖြစ် သိုလှောင်ပေးထား နိုင်သည့် အစွမ်း ရှိကြောင်းကို အမှတ်မထင် တွေ့ ရှိခဲ့သည် ဟု သိရသည်။

''ဒါဟာ နှစ်ပေါင်း ၂ဝ အတွင်း တစ်ခါမှ သက်သေမပြ နိုင်ခဲ့တဲ့ စွမ်းအင်ကုန်ခန်းမှု နည်းပါးစွာနဲ့ ရေကိုရယူ သိုလှောင်နိုင်တဲ့ စနစ်ကို လက်တွေ့ လုပ်ပြနိုင်တာ ဖြစ်ပြီး ချွေးကို စုပ်ယူထုတ်ပေး နိုင်တဲ့ အဝတ်အထည် အစတွေ ထုတ်လုပ်လို့ ရနိုင်မယ့် နည်းလမ်းကောင်း ရှိပြီဆိုတဲ့ အထောက် အထားပါပဲ''ဟု PNNL မှ သုတေသီ တစ်ဦးက ပြောပြသည်။

''ပုံမှန်အားဖြင့် ပတ်ဝန်းကျင် လေထု စိုထိုင်းဆ များလာရင် များလာတဲ့အတိုင်း ပစ္စည်းတွေ အရာဝတ္ထု တွေက ရေကိုပိုပြီး စုပ်ယူပါတယ်။ ဒါပေမဲ့ လေထု စိုထိုင်းဆ ၅ဝ ကနေ ၈ဝ ရာခိုင်နှုန်း ရှိလာတဲ့အခါ ဒီနာနိုအချောင်း တွေက ဆန့် ကျင်ဘက် ကိစ္စကို လုပ်ပေးပြီး ရေကို ပြန်ထုတ်ပေး ပါတယ်။ တခြားသော အရာဝတ္ထုတွေ က ရေကိုစုပ်ယူတဲ့ အချိန်မှာ နာနိုအချောင်း တွေ က ရေကိုစုပ်ယူပြီး ပြန်ထုတ်ပေးတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် လေထဲကနေ ရေအား စုပ်ယူ ထုတ်လုပ်နိုင်တဲ့ စနစ်ကို အမှတ်မထင် တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်'' ဟု ၄င်း က ဆက်လက် ပြောပြသည်။

သုတေသီများသည် အဆိုပါ နည်းစနစ်ကို အသုံးပြုကာ သဲကန္တာရ များတွင် ခရီးသွားလာ ရာ၌ ရေလိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန် ရည်ရွယ် ဆောင်ရွက်လျက် ရှိပြီး အဝတ်အစား များတွင်လည်း အလွှာတစ်လွှာ အဖြစ် ထည့်သွင်းကာ ကိုယ်မှ ထွက်လာသော ချွေးကို အပြင်သို့ စုပ်ထုတ်နိုင်မည့် စနစ်ကိုလည်း စမ်းသပ်လျက် ရှိကြောင်း သိရသည်။

''နာနိုအချောင်း တွေကို လူသား အကျိုးပြု လုပ်ငန်းအတွက် အသုံးပြု သွားပါမယ်။ အခုအချိန်မှာ ဒီ နာနိုချောင်း တွေကို လိုအပ်တဲ့ပုံစံ၊ အထူ၊ အပါး ရရှိနိုင်ဖို့ ကြိုးပမ်းဆောင်ရွက် နေပါတယ်'' ဟု တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/06/blog-post_40.html

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...