အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 12, 2015

စင်ကာပူတွင် မောင်းသူမဲ့ကား လမ်းပေါ် စမ်းသပ်မောင်းနှင် (ရုပ်သံ)




စင်ကာပူ နိုင်ငံဟာ မောင်းသူမဲ့ ကားကို အောက်တိုဘာလ ၁၂ ရက်နေ့က လမ်းပေါ်မှာ တရားဝင် စတင် စမ်းသပ် လိုက်ပါပြီ။ လူ့အရင်း အမြစ် ရှားပါးမှုနဲ့ လမ်းပေါ်က ယာဉ်ကြော ပိတ်ဆို့ မှုတွေကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ နည်းပညာ လေ့လာမှုလည်း ဖြစ်ပါတယ်။

ဒီအားထုတ် မှုကြောင့် အမေရိကန်ရဲ့ တချို့ပြည်နယ် တွေနဲ့ ဂျာမနီ နိုင်ငံတွေနဲ့ တအုပ်စု တည်းဝင် ဖြစ်ခဲ့ တာပါ။ စင်ကာပူ- MIT သုတေသနနဲ့ နည်းပညာ မဟာမိတ် အဖွဲ့နဲ့ စင်ကာပူ အမျိုးသား တက္ကသိုလ်၊ သိပ္ပံ နည်းပညာ အေဂျင်စီ တို့က သူတို့ရဲ့ မောင်းသူမဲ့ ကား၂စီးကို ထုတ်ပြ ခဲ့တာပါ။

လမ်းနဲ့ လုပ်သား အင်အား အကန့် အသတ်ရှိတဲ့ စင်ကာပူလို နိုင်ငံ အတွက် မောင်းသူမဲ့ ကားကနေ အများပြည်သူသုံး သယ်ယူ ပို့ဆောင်ရေးကို ပိုပြီး သုံးဖို့ ဒေသခံတွေကို အားပေး ထားပါတယ် စင်ကာပူ ဒေသခံတွေ ကတော့ အိမ်ကနေ ဘတ်စ်ကား မှတ်တိုင်နဲ့ ရထား ဘူတာရုံထိ လမ်းလျှောက် ရတာကို ရှောင်ရှားဖို့ ကားပိုင်ဆိုင် ရတာ ပိုကြိုက် တယ်လို့ ပြောပါတယ်။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116242


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...