အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 12, 2015

အမေရိကမှာ ခေတ်စားနေတဲ့ လေထုထဲမှာ လိင်ဆက်ဆံရတဲ့ ကစားနည်း (သို့) Air Sex




Air Sex ဆိုတဲ့ ထူးဆန်းတဲ့ အားကစား တစ်မျိုးဟာ အမေရိက မှာ ခေတ်စားနေ ပါတယ်။ ဒါပေမယ့် အဲဒီ အားကစား နည်းမှာ ဘာတွေ ပါဝင်နေ ပါသလဲ?

လေထုထဲမှာ လိင် ဆက်ဆံခြင်းလို့ အဓိပ္ပာယ် ရတဲ့ Air Sex ရဲ့ အခြေခံ စည်းမျဉ်းတွေ ကတော့ စင်မြင့်ပေါ်ကို တက်လာပြီး လေထဲမှာ လိင်ဆက်ဆံ ပြရတာ ဖြစ်ပါတယ်။ စင်အောက်ကနေ ပရိတ်သတ်တွေ ကတော့ ထို လေထုထဲက လိင်ဆက်ဆံမှု ကို ကြည့်နေမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြိုင်ပွဲဝင် သူဟာ စင်ပေါ်မှာ အ၀တ် အစားတွေ ချွတ်ထား စရာ မလိုပါဘူး။ ထို အားကစား နည်းကိုတော့ ဂျပန် နိုင်ငံမှာ စတင် တည်ထွင် ခဲ့တာ ဖြစ်တယ်လို့ သိရပြီး အမျိုးသားဖြစ်စေ ၊ အမျိုးသမီး ဖြစ်စေ ကိုယ်နဲ့ လိင်ဆက်ဆံမယ့် ပါတနာ မရှိပဲ လေထဲမှာ ပဲ လိင်ဆက်ဆံ နေတဲ့ ပုံကို လုပ်ပြရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်နေစဉ် မှာတော့ ဂီတ သံစဉ်တွေနဲ့ ပံ့ပိုးပေး ထားမှာ ဖြစ်ပြီး လှုပ်ရှားမှုတွေ ၊ Position တွေနဲ့ မျက်နှာ အနေအထားတွေ ကိုတော့ လိုတာထက် ပိုပြီး သဘာဝ ဆန်အောင် ချဲ့ကား ဖန်တီးရမှာပါ။

Air Sex အားကစားနည်းဟာ အမေရိက မှာတော့ ၂၀၀၇ ခုနှစ်က စတင် ရေပန်းစား လာခဲ့တာ ဖြစ်ပြီး တစ်လကို ၂ ကြိမ် နှုန်းလောက်နဲ့ တက္ကဆက်ပြည်နယ် ၊ Austin မြို့က Alamo Drafthouse ဆိုတဲ့ခန်းမ မှာ ကျင်းပလေ့ ရှိပါတယ်။ အမေရိက နိုင်ငံ တစ်ဝှမ်းမှာ ရှိတဲ့ ပြိုင်ပွဲဝင် အယောက် ၃၀ ၊ ၄၀ ခန့်ကတော့ ပြိုင်ပွဲကျင်းပ တိုင်းမှာ ပါဝင် ယှဉ်ပြိုင်လေ့ ရှိကြပါတယ်။

ထို ပြိုင်ပွဲမှာတော့ အသက် ၃၄ နှစ်အရွယ် ဟာသ သရုပ်ဆောင် Chris Trew က အစီအစဉ် ကြေညာသူ အဖြစ် ပုံမှန် ဆောင်ရွက်ပြီး အခုလည်းထို ပြိုင်ပွဲကို Air Sex - The Movie ဆိုတဲ့ နာမည်နဲ့ပဲ မှတ်တမ်း ရုပ်ရှင် တစ်ခု ဖန်တီး ထုတ်လုပ် သွားဦး မယ်လို့ သိရပါတယ်။

"တစ်ကမ္ဘာလုံးက လိင်ဆက်ဆံ တာနဲ့ ပတ်သက်ရင် Serious ဖြစ်တတ် ကြပါတယ်။ ဒါကြောင့်ပဲ ငါတို့ဟာ ဒီပွဲအတွင်းမှာ လုပ်ခဲ့တာကို ကျေနပ်နေ ကြတာပါ။ ငါတို့ဟာလည်း လိင်ဆက်ဆံခြင်းကို ထူးဆန်းတယ် ၊ အနှောင့် အယှက်ဖြစ်တယ် ၊ ရယ်ရတယ် လို့ သတ်မှတ်ပြီး ငါတို့ရဲ့ ရယ်စရာ ပြိုင်ပွဲ အတွင်းမှာ ဖန်တီးမှု တွေကို လုပ်နိုင် ခဲ့တာပါ" လို့ Chris က ဆိုပါတယ်။

Chris ရဲ့ ပြောကြားချက် အရတော့ သူ့အနေနဲ့ ဒီပြိုင်ပွဲမှာ လာရောက် ယှဉ်ပြိုင်ခဲ့ သူတွေနဲ့ တစ်ခါမှ လိင်ဆက်ဆံ ခဲ့ခြင်း မရှိပေမယ့် ပြိုင်ပွဲဝင် အချို့ကတော့ ပြိုင်ပွဲ ၀င်ပြီးတဲ့ အခါမှာ ရည်းစားတွေ ဖြစ်သွား ကြတာ ရှိသလို ၊ လက်ထပ် လိုက်ကြ တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

Original link - http://knowledge.thithtoolwin.com/2015/10/air-sex.html


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...