အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, February 24, 2016

အ၀တ်အစား မ၀တ်ဘဲ စက်ဘီးစီး လှည့်လည်သည့် ကိုယ်လုံးတီး ၀ါဒီ အမျိုးသား



နယူးဇီလန် နိုင်ငံသား နစ်ခ်လိုဝီဟာ ကိုယ်လုံးတီး ၀ါဒီတဦး ဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ကိုယ်လုံးတီးနဲ့ လူပုံ အလယ် စက်ဘီးစီး လှည့်လည်ပြ ပြီးနောက် လူသိများ လာခဲ့သူပါ။

စက်ဘီး စီးနင်းချိန်မှာ အ၀တ်အစား မပါဘဲ ဇနီးဖြစ်သူ ချုပ်ပေးတဲ့ ကျားသစ်ကွက် ကြိုးတချောင်း လန်ကွတ်တီ အတွင်းခံ၊ ဦးထုပ်နဲ့ ရှူးဖိနပ် တရံသာ စီးထား ခဲ့တာပါ။

ဒါဟာ သူ့ကို တွေ့မြင်ရသူတွေ အဖို့ အကြည့် တချက်တည်း နဲ့တင် မလုံလောက် တော့ဘဲ ပိုမို ဆွဲဆောင်နိုင် ခဲ့တယ်လို့ နယူးဇီလန် အခြေစိုက် စတပ်ဖ် သတင်းမှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဖော်ပြ ပါတယ်။

သူ့အတွက် စက်ဘီး စီးချိန်မှာ ၀တ်ဆင်ဖို့ ကြိုးတချောင်း လန်ကွတ်တီ အတွင်းခံတွေ စုဆောင်း ထားရ လိမ့်မယ်လို့ ထင်စရာ ရှိပေမယ့် ကိုယ်တီး ၀ါဒီတဦးဖြစ်တဲ့ လိုဝီကတော့ ဘာမှ မပါဘဲ စီးနင်းဖို့ကို ပိုပြီး စိတ်အား ထက်သန် တာလို့ ဆိုပါတယ်။

ဒါဟာ လိုဝီအတွက် အများပြည်သူကြား ပထမ အကြိမ် ကိုယ်လုံးတီးနဲ့ စက်ဘီးစီးနင်း တာမျိုးတော့ မဟုတ်ပါဘူး။

အများပြည်သူကြား အ၀တ် မပါဘဲ ကိုယ်လုံးတီး စက်ဘီး စီးနင်းမှုကြောင့် လိုဝီဟာ တရားရုံးပေါင်း များစွာမှာ အမှုတွေ ရင်ဆိုင် ခဲ့ရပြီး သူ့ခံယူချက် အတိုင်း ခုခံ ကာကွယ် ခဲ့ရတာပါ။

၂၀၀၉ ခုနှစ် ကမ္ဘာ့ ကိုယ်လုံးတီး စက်ဘီးစီး သူများနေ့မှာ သူ့ကိုတွေ့ လိုက်ရတဲ့ အမျိုးသမီး တဦးက စောဒက တက်ခဲ့လို့ တရားရုံးက ပြစ်ဒဏ် ချမှတ် အရေးယူ ခဲ့ချိန်မှာ သူက အထက် တရားရုံးမှာ အယူခံ ၀င်ပြီးမှ အနိုင် ရခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

လိုဝီက “အဲဒီတုန်းက တကယ့်ကို ရှုပ်ထွေး မွန်းကြပ်တဲ့ အချိန် တခုပါပဲ” လို့ ၀န်ခံ လိုက်တာပါ။

“ဒေါ်လာ ၂၀၀ ဒဏ်ကြေး အတွက် ကျနော်က ဒေါ်လာ ၅၀၀၀ လောက် ကုန်ကျ ခံပြီး အယူခံ ၀င်ခဲ့ရတာပါ။ ဒါပေမယ့် အဲဒါက မူတခု ပဲလေ။”

တရားသူကြီး ကလစ်ဖ်ဖို့ဒ်က အဲဒီ အချိန်တုန်းက လိုဝီဟာ ကိုယ်လုံးတီးနဲ့ လှည့်လည် ခဲ့ပေမယ့် တခြား ထိခိုက် စော်ကား မှုမျိုး မရှိခဲ့တဲ့ အတွက် အမှုကို ရုပ်သိမ်းပေး ခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

လိုဝီက “ကိုယ်လုံးတီး ၀ါဒီတဦး ဖြစ်ရတဲ့ အတွက် သက်တောင့် သက်သာဖြစ်ပြီး အ၀တ်အစား တွေကြောင့် ၀န်ထုပ် ၀န်ပိုး မဖြစ်စေ တော့ဘူးပေါ့” လို့ ပြောပါတယ်။

သူရော ဇနီးသည် ၂ ဦး စလုံးဟာ ကိုယ်လုံးတီး ၀ါဒီတွေ ဖြစ်ကြပြီး လိုဝီ အနေနဲ့ လာမယ့် မတ်လ ၁၂ ရက်နေ့မှာ ကမ္ဘာ့ ကိုယ်လုံးတီး စက်ဘီးစီးနင်း သူများနေ့ အထိမ်း အမှတ် စီးနင်း သွားဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/136703


No comments:

Related Posts

Related Posts Plugin for WordPress, Blogger...