အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, August 1, 2016

ခွေးနို့ရည်ကိုမှ ထူးထူးခြားခြား စွဲလမ်းနေတဲ့ အိန္ဒိယက ၁ဝ နှစ်သား




မဒရပ်

အိန္ဒိယနိုင်ငံက မိုဟစ် ကူးမားလို့ ခေါ်တဲ့ ၁ဝ နှစ် အရွယ် ကလေးငယ် တစ်ဦးဟာ လမ်းဘေး ခွေးလေ ခွေးလွင့် တွေရဲ့ နို့ရည် ကိုမှ ထူးထူး ခြားခြား စွဲလမ်း နေတယ်လို့ သိရ ပါတယ်။

အသက် နှစ်နှစ် အရွယ်က စလို့ မိခင်နို့ မစို့တော့တဲ့ ကူးမားဟာ အသက်လေးနှစ် အရွယ်မှာ ဒီလို အမူ အကျင့်ကို စတင် ပြုလုပ် ခဲ့တာဖြစ်ပြီး ဖျောက်ဖို့ ကြိုးစားတဲ့ မိဘတွေရဲ့ ကြိုးပမ်း မှုဟာလည်း အခုအထိ အထ မမြောက် သေးပါဘူး။

ကူးမားဟာ သူနေထိုင်ရာ မြို့မှာ ရှိတဲ့ ခွေးမတွေရဲ့နို့ကို အခွင့် အရေး ရရင် ရသလို စို့တတ်ပြီး ခွေးမတွေ ကလဲ ကူးမားရဲ့ အပြုအမူကို လုံးဝ ရန်လိုဟန် မပြကြ ဘူးလို့ သူ့မိဘတွေက ပြောပါတယ်။

အသက်ကြီး လာတာနဲ့ အမျှ ကူးမားရဲ့အပြု အမူဟာ ပိုပို ဆိုးရွား လာခဲ့ပြီး ဒီအခြေ အနေကြောင့် ကူးမားကို ကျောင်းတောင် မပို့ရဲဘူးလို့ သိရပါတယ်။

ဒါပေမဲ့ မကြာ သေးခင်က တခြားဒေသက ရောက်လာတဲ့ ခွေးမ တစ်ကောင်ရဲ့ ကိုက်တာ ခံလိုက်ရတဲ့ အတွက် ကူးမားဟာ ဆေးရုံသို့ ရောက်ရှိခဲ့ပြီး သူ့အကျင့်ကို မပြင်နိုင်ဘူး ဆိုရင် ရေရှည် အတွက် စိုးရိမ် မိတယ်လို့ ကူးမားရဲ့ မိခင် ပင်ကီက ပြောပါတယ်။

Ref: OC

Yangon Media Group

Originally published at - https://www.facebook.com/YangonMediaGroup

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...