အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, September 2, 2016

အမြင့်ဆုံးအဆောက်အအုံပေါ် ကိုယ်သိုင်းကြိုး မပါပဲတက်ပြခဲ့သည့် ပြင်သစ် ပင့်ကူလူသား




ပြင်သစ် နိုင်ငံမှ စွန့်စား အမြင့်တက် သမား တစ်ဦးဟာ ပဲရစ်စ်မြို့ရဲ့ အမြင့်ဆုံး အဆောက်အအုံ တခုပေါ် ကိုယ်သိုင်းကြိုး မပါပဲ တက်ပြနိုင် ခဲ့လို့ ပြင်သစ် ပင့်ကူလူသား အဖြစ် နာမည်ပြောင်နဲ့ ထင်ရှား နေပါတယ်။

အေလိန်းရောဘတ် အမည်ရတဲ့ အဲဒီ အမျိုးသားဟာ အမြင့် ၁၈၅ မီတာရှိတဲ့ တိုးရ် တီ-၀မ်းအဆောက် အအုံရဲ့ ထိပ်ဆုံးကို သြဂုတ်လ ၃၁ ရက်နေ့မှာ တက်ရောက် ခဲ့တာပါ။

သူ့အနေနဲ့ ခုလိုအောင်အောင်မြင်မြင်တက်ရောက်နိုင်ဖို့အတွက် အချိန် မိနစ် ၃၀ သာ ကြာမြင့်ခဲ့တယ်လို့ နယူးဇီလန်အခြေစိုက် စတပ်ဖ်သတင်းတပုဒ်မှာ ဖော်ပြပါ တယ်။

ရောဘတ်ဟာ သူတက်ရောက်ခဲ့တဲ့ အဆင့်တဆင့်တိုင်းရဲ့ ရုံးခန်းပြတင်းပေါက် တခုစီမှာ စာတွေရေးခဲ့တာပါ။

သူ့အနေနဲ့ ခုလိုတက်ပြလိုက်တာဟာ ခင်ပွန်းသည် အမျိုးသားတဦးရဲ့ အကြမ်း ဖက်သတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့သူ အမျိုးသမီးတဦးနဲ့ ပတ်သက်ပြီး ပညာပေး လှုံ့ဆော် စည်းရုံးရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ အဆောက်အအုံရဲ့ ထိပ်ဆုံးကို ရောက်သွား ခဲ့ချိန်မှာတော့ ခေတ္တ ရပ်တန့် ကာ လက်မထောင်ပြ ခဲ့တာကို ရုပ်သံဗွီဒီယို ဖိုင်ထဲမှာ တွေ့ရပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/166695

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...