အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, December 24, 2016

ရောဂါသည်သားအတွက် ခရစ္စမတ်ဘိုးဘိုးကြီး ဝတ်စုံဖြင့် ရန်ပုံငွေ ရှာသည့် သနားစဖွယ် မိခင်




တရုတ် နိုင်ငံမှ အမျိုးသမီး တဦးဟာ သွေးကင်ဆာ ရောဂါ ဝေဒနာသည် သားဖြစ်သူကို ဆေးကုသ နိုင်ဖို့ ခရစ္စမတ် ဘိုးဘိုးကြီးလို ဝတ်ဆင်ပြီး လမ်းမပေါ်မှာ ရန်ပုံငွေ ရှာဖွေ ခဲ့ပါတယ်။



လီဂျာလီအမည်ရတဲ့ အသက် ၇ နှစ်အရွယ် ကလေးငယ်ဟာ သူ့အသက် ၃ နှစ်အရွယ်ကတည်းက ဒီရောဂါကို ခံစားခဲ့ရတာဖြစ်ပြီး တဖြည်းဖြည်း တိုးတက်ကောင်းမွန် လာခဲ့ပေမယ့် ခုတော့ ကံဆိုးစွာပဲ ရောဂါဟောင်းဟာ တပတ်ပြန်လည် လာခဲ့တာပါ။

သူ့ရဲ့ ဆေးဝါးကုသစရိတ်အဖြစ် မိသားစုက ယွမ်ငွေ ၈ သိန်း (အမေရိကန်ဒေါ်လာ ၁၁၅,၄၀၀) ကုန်ကျခဲ့ပြီးဖြစ်ကာ နောက်ထပ်ကုန်ကျတော့မယ့် ကုန်ကျ စရိတ်တွေ အတွက် မိခင်ဖြစ်သူဟာ ရတက် မအေးနိုင်ပဲ ရှိခဲ့တာပါ။



လီဟူဟွမ်အမည်ရတဲ့ မိခင်ဖြစ်သူဟာ ခရစ္စမတ်ဘိုးဘိုးကြီးဝတ်စုံ ဝတ်ဆင်ပြီး လမ်းမပေါ်မှာ ပွဲတော်ရာသီအထိမ်းအမှတ် ပန်းသီးတွေ ရောင်းချပြီး ရန်ပုံငွေ ရှာဖွေခဲ့ တာဟာ တကယ့်ကို ရင်နင့်စရာပါပဲ။

တရုတ်နိုင်ငံမှာ ခရစ္စမတ်ပွဲတော်ကို ငြိမ်းချမ်းတဲ့ညအဖြစ် ရည်ညွှန်းကြပြီး မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဘက်တွေကို ပန်းသီးအပြန် အလှန်ပေးလေ့ ရှိတဲ့ အတွက် ခုလို လမ်းမပေါ်ထွက် ရန်ပုံငွေ ရှာဖွေတာဖြစ်တယ်လို့ စီစီတီဗွီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။



သူတို့မိသားစုနေထိုင်ရာ ဟိုင်ဖေ့မြို့ လမ်းမပေါ်မှာ ခုလိုရောင်းချပြီး ရန်ပုံငွေရှာဖွေနေတဲ့ အဖြစ်ဟာ တကယ့်ကို ခက်ခဲတဲ့အခြေအနေတခုဖြစ်တယ်လို့ ဟိုင်ဖေ့ညနေခင်းသတင်းစာက ၂ နာရီအတွင်း ယွမ်ငွေ ၁၀ တန် ပန်းသီး ၂ လုံး ရောင်းချခဲ့ရတာကို ရည်ညွှန်းပြီး ရေးသားခဲ့ပါတယ်။

ကလေးငယ်ရဲ့ ဖခင်ဖြစ်တဲ့ လီဟောင်ကတော့ “မိသားစုတွေရဲ့ ခုလိုကြိုးပမ်းမှုဟာ နည်းနည်းတော့ ခက်ခဲကြမ်းတမ်းမှာဖြစ်ပေမယ့် ကျနော်တို့ ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး” လို့ ပြောပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/181054

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...