အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 1, 2015

ညအိပ်ချိန် facebook သုံးခြင်းက ဆယ်ကျော်သက်တွေရဲ့ စာမေးပွဲ အမှတ်ကို ၂၀ရာခိုင်နှုန်း ကျဆင်းစေ




အိပ်ရာ မဝင်ခင်မှာ ဖုန်းတွေ ဝေးဝေးထားဖို့ ဆယ်ကျော်သက် တွေကို ပြောရတာ အာပေါက် နေပြီလား။ လူမှုကွန်ပေါ်မှာ သူငယ်ချင်းတွေနဲ့ အိပ်ရာ မဝင်ခင် chatting ဝင်နေ တာဟာ ဆယ်ကျော်သက်တွေ အပေါ် သက်ရောက်မှုတွေ ရှိတဲ့ အတွက် မိဘတွေ အနေနဲ့ စိုးရိမ်ပူပန်ခွင့် ရှိတယ်ဆိုတာကို ပြောပြ ပေးလိုက်ပါ။

အိပ်ရာဝင်ချိန် မိနစ်၃၀လောက် Facebook လိုမျိုး ဝဘ်ဆိုဒ်ဝင်ကြည့်နေတာဟာ ဆယ်ကျော်သက်တွေအနေနဲ့ အတန်းထဲမှာ စာကောင်းကောင်းမလုပ်တော့ဘူးလို့ လေ့လာမှုတစ်ရပ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီလေ့လာမှုကို လန်ဒန်တက္ကသိုလ်မှ သုတေသီတွေက ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီလိုဖြစ်ရခြင်းဟာ ဦးနှောက်ကို အလွန်အကျွံ လှုံ့ဆော်တဲ့အတွက် ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ အိပ်ရာဝင်ချိန်မှာ အင်တာနက်သုံးတဲ့အတွက်လည်း အိပ်ရခက်ခဲလာပါတယ်။

အသက် ၁၆ နှစ်ကနေ အသက် ၁၉နှစ်ကြား ဆယ်ကျော်သက်တွေရဲ့ ၇၀ရာခိုင်နှုန်းဟာ အိပ်ရာမဝင်ခင် လူမှုကွန်ရက်သုံးကြတယ်လို့ ဆိုပြီး သူတို့ဟာ GCSE နဲ့ A-level စာမေးပွဲတွေမှာ အမှတ် ၂၀ရာခိုင်နှုန်း လျော့ရကြတယ်လို့ သိရပါတယ်။

Ref:Daily Mail

Original link - http://health.thithtoolwin.com/2015/12/facebook.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...