
အင်္ဂလန်နိုင်ငံ တိရစ္ဆာန် တရုံမှာ မွေးထားတဲ့ အာရှ ဆင်မကြီး တကောင်ကို သွားဆရာဝန် တယောက်က သွားနုတ် ကုသပေး ခဲ့ရတယ်လို့ တိရစ္ဆာန်ရုံ တာဝန်ရှိ သူတွေက ပြောပါတယ်။
ZSL Whipsnade ဇီအက်အယ် ၀စ္စနိတ် တိရစ္ဆာန်ရုံမှာ မွေးထားတဲ့ အသက် ၃၃ နှစ် အရွယ် လူချာဆိုတဲ့ ဆင်မကြီး အစာ မစားဘဲ နေတာကို ဆင်ထိန်းက သတိထား မိလို့ ပါးစပ်ကို စစ်ဆေးတဲ့ အခါမှာ သွားပိုးစား aနတာကို တွေ့ခဲ့ ရတယ်လို့ ဆိုပါတယ်။
နောက်ဆုံးမှာ လန်ဒန်မြို့ခံ သွားဆရာဝန် ဒေါက်တာ ပီတာ ကာတက်စ်က ဆင်မကြီးကို သွားနုတ်ပေး ခဲ့ရတယ်လို့ ဆိုပါတယ်။
သွားနုတ် ပြီးတော့မှပဲ ဆင်လည်း အစာပြန် စားပြီး ကိုယ်အလေးချိန် ပြန်တက် လာတယ်လို့ ဆိုပါတယ်။
တိရစ္ဆာန်ရုံထဲမှာ အာရှ ဆင် ၁၀ ကောင် မွေးထား ပါတယ်၊ အာရှဆင်တွေဟာ မျိုးတုံး ပျောက်ကွယ် ခါနီး ဆင်မျိုး စိတ်တွေမှာ ပါဝင်တယ်လို့ သတ်မှတ် ထားပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/149807






No comments: