အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 6, 2015

အသက် ၅နှစ် မြေးမကို သဲကန္တာရထဲ သေနတ်နဲ့ ထားခဲ့တဲ့ အဖိုး




အရီဇိုးနား ပြည်နယ်သား အဖိုး တစ်ယောက်ဟာ သူ့ရဲ့ ၅နှစ်အရွယ် မြေးမလေးကို ကျည်ဆံဖြည့် ထားတဲ့ သေနတ် တစ်လက်ပေးပြီး သဲကန္တာရ ထဲမှာ ထားခဲ့မှုနဲ့ အဖမ်းခံ ခဲ့ ရပါတယ်။ သေနတ်ပေး ခဲ့တာက လူဆိုးတွေကို ပစ်ဖို့လို့ ဆိုပါတယ်။

အသက် ၅၃နှစ် ရှိပြီဖြစ်တဲ့ Paul Rater ဟာ ပစ်ကပ် ထရပ်ကားကို အသက်၅နှစ် အရွယ် မြေးမလေးနဲ့ သဲကန္တာရထဲမှာ မောင်းနှင်ခဲ့ပြီး ကားပျက် သွားခဲ့တယ်လို့ အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ် မာရီကိုပါစီရင်စု ငြိမ်ဝပ်ပိပြားရေးမှူးရုံး ကပြောခဲ့ပါတယ်။

Rater က သူ့မြေးမကို သစ်ပင်အောက်မှာ အရိပ်ကောင်းကောင်းနဲ့ တရေးတမော အိပ်လို့ရအောင် ထားခဲ့ပြီး .45-cabliber သေနတ်ကိုပေးခဲ့ပါတယ်။ အဲ့ဒီ့သေနတ်က ကျည်ဆံဖြည့်ပြီး မောင်းတင်ပြီးသားပါ။ သေနတ်ကို သူ ယူမသွားချင်လို့ပါတဲ့။

Rater ဟာ တစ်မိုင်လောက် လမ်းလျှောက်ပြီးတဲ့အခါ ဒေသခံ ဘားတစ်ခုကိုရောက်ပြီး ချိစ်ဘာကာ စားနေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကန္တာရထဲမှာ မောင်းတင်ထားတဲ့သေနတ်ကိုကိုင်လျက်သား ကလေးကိုတော့ မီးသတ်သမားတစ်ဦးက ရှာဖွေတွေ့ရှိခဲ့တာပါ။

Rater က သူ့ကိုဖမ်းပြီးတဲ့အထိ သူ့မြေးမလေးဘယ်မှာရှိတယ်ဆိုတာကို ပြောပြပြီး တစ်ယောက်ယောက်ကိုမျှ အကူအညီတောင်းခံခဲ့ခြင်း မရှိပါဘူး။

“သူပြောတာတော့ သေနတ်က လူဆိုးတွေကို ပစ်ဖို့တဲ့။ ၅နှစ်သား ကလေးမလေးက ဘယ်လိုလုပ်ပြီး လူကောင်း၊ လူဆိုးခွဲခြားနိုင်မှာလဲ။” လို့ တရားသူကြီးက ပြောခဲ့ပါတယ်။

ကလေးသူငယ် အလွဲသုံးစားလုပ်မှု၊ အန္တရာယ်ပြုမှု ဆိုပြီး အမှုနှစ်ခုနဲ့ Rater ကို တရားစွဲဆိုထားပါတယ်။

Ref: Upi

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_7.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...