အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 20, 2015

ခရမ်းချဉ်သီး အချဉ်ရည်တွေ အကုန်စားလိုက်လို့ ဖင်ကို ဘောပင်နဲ့ ထိုးခဲ့တဲ့ ရည်းစား




အိုဟိုင်းရိုး ပြည်နယ် အရှေ့မြောက် ဘက်မှာ နေထိုင်တဲ့ အမျိုးသမီးဟာ သူ့ရည်းစားက ခရမ်းချဉ်သီး အချဉ်ရည်တွေ အကုန်စား လိုက်လို့ အော်ပြီး ဘောပင်နဲ့ ထိုးသတ် ခဲ့တယ်လို့ စွပ်စွဲခံ ခဲ့ရပါတယ်။ သူဟာ တရားစွဲ ဆိုမှုတွေကို သက်သာစေဖို့ အတွက် အမှုကို ဝန်ခံခဲ့ တယ်လို့ သိရပါတယ်။

အသက် ၆၁နှစ် အရွယ် Ronnie Bucknerဟာ အသက် ၅၀နှစ် အရွယ် Phyllis Jefferson ကို ခရမ်းချဉ်သီး အချဉ်ရည်တွေ အကုန်စားလိုက်တဲ့ အတွက် Jefferson ရဲ့ တိုက်ခန်း မှာတင် အော်ငေါက် ခဲ့ကြောင်း ရဲတွေကို ပြောပြခဲ့ပါတယ်။

Buckner ဟာ Jefferson ကို အော်ပြီးနောက် ဘောပင် တစ်ချောင်းကို ကောက်ကိုင်ကာ Jefferson ရဲ့ ဖင် ဘယ်ဘက်ခြမ်းကို ထိုးစိုက် ခဲ့ပါတယ်။

Buckner ဟာ သူ့ရည်းစားက စာရင်းဝင်တဲ့ လိင် အကြမ်းဖက်သူ တစ်ယောက်မှန်း သိခဲ့ရတဲ့ အတွက် ဘောပင်နဲ့ ထိုးမှု ဖြစ်ခဲ့မှာ ပဲလို့ Jefferson ရဲ့ ရှေ့နေက ဆိုပါတယ်။

Bunkner ကို နောက်ပိုင်းမှာ အမိန့်ချမှတ်ပါလိမ့်မယ်။

Ref: AP

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_20.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...