အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 19, 2015

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဆန့်ကျင်ဆန္ဒပြပွဲ မှာ အမျိုးသမီး ရာပေါင်းများစွာ အ၀တ်ဗလာနဲ့ ပါဝင်




SlutWalk လှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်၊ မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တွေကို ဆန့် ကျင် ဆန္ဒပြတဲ့ အနေနဲ့ အမျိုးသမီး ရာပေါင်းများစွာဟာ အ၀တ်ဗလာ ချွတ်ကာ ပါဝင် ဆန္ဒပြခဲ့ ကြပါတယ်။

အပေါ်ပိုင်း အ၀တ်ဟာလာကျင်း ထားတဲ့ ဆန္ဒပြသူတွေဟာ သူတို့ ရဲ့ ခန္ဓာကိုယ်နဲ့ ဆိုင်းဘုတ်ပြားတွေမှာ ကြွေးကြော်သံဆောင်ပုဒ်တွေကို ရေးသားကာ ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့ ရဲ့ ကိုပါကာဘာနာ ကမ်းခြေ လမ်းတစ်လျှောက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေရဲ့ပြောကြားချက်အရ သူတို့ ရဲ့ ရည်မှန်းချက်ဟာ အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်မှု ပုံစံက လိင်ပိုင်းဆိုင်ရာစော်ကားတိုက်ခိုက်မှုတွေကို ဖိတ်ခေါ်သလိုဖြစ်နေတယ်ဆိုတဲ့ ပြောကြားချက်၊အယူအဆတွေကို ဆန့် ကျင်ရင်ဆိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။



ဆန္ဒပြသူတွေဟာ အဆိုပြူထားတဲ့ ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာရာဇသတ်တွေကိုလည်း ဆန့် ကျင်တိုက်ခိုက် သွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါ ကန့် သတ်ချက်ဥပဒေတွေအရ၊ မုဒိန်းကျင့်ခံထားရတဲ့ အမျိုးသမီး တစ်ဦးဟာ ပြစ်မှုထင်ရှားကြောင်း သက်သေပြနိုင်ကာမှ ကိုယ်ဝန်ဖျက်ချခြင်းကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

စီတန်းသရုပ်ဖော် ဆန္ဒပြသူတွေဟာ သူတို့ ရဲ့ ရင်သား၊ ၀မ်းဗိုက်၊ ကျော နဲ့ လက်မောင်းတို့ မှာ ရောင်စုံခဲတံ၊ နှုတ်ခမ်းနီတွေနဲ့ ဆန္ဒပြစာသားတွေကို ရေးခြစ်ထားပြီး ဘရာဇီးရိုးရာ၊ ဆမ်ဘာ အကကိုလည်း ကခဲ့ကြပါတယ်။

“ ဘရာဇီးနိုင်ငံဟာ အမျိုးသမီးတစ်ယောက်တည်း ခရီးသွားလာဖို့ အတွက် အန္တရာယ်အရှိဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ကျွန်မခရီးသွားတဲ့ အခါ ကျွန်မဟိုတယ်အခန်းကို ဖွင့်မရအောင်လို့  အထူးပြုလုပ်ထားတဲ့ တံခါးပေါင်ကို ယူသွားရလေ့ ရှိပါတယ်” လို့ အသက် ၂၆ နှစ် အရွယ်၊ Stephanie Ruas က ပြောကြားပါတယ်။



“ ဘရာဇီးက ယောင်္ကျားသားတွေအတွက်တော့ ကျွန်မတို့ က သက်မဲ့ပစ္စည်းတွေလိုပါပဲ။ စော်ကားနှောင့်ယှက်မခံရဘဲ ကျွန်မတို့ ရဲ့ ခန္ဓာကိုယ် ကို ကျွန်မတို့ ကြိုက်သလို ဆင်ခြယ်နိုင်ချင်တယ်” လို့  အသက် ၁၈ နှစ်အရွယ် Indara Costa က ပြောပြခဲ့ပါတယ်။

စနေနေ့ က ပြုလုပ်ခဲ့တဲ့ ယခုချီတက်ဆန္ဒပြမှုဟာ ရီယိုမြို့ မှာ ပြုလုပ်ခဲ့တဲ့ ငါးကြိမ်မြောက် SlutWalk ချီတက်ဆန္ဒပြမှု ဖြစ်ပါတယ်။

Ref: Mirror

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_59.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...