အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 18, 2015

ချစ်တင်းနှောနေစဉ် ယောကျာ်းကို လိမ့်ချမိ၍ လိင်တံ မတော်တဆ ကျိုးသွား




ချစ်တင်းနှောနေ ကြစဉ် အတွင်း မိန်းမ ဖြစ်သူဟာ သူ့ယောကျာ်းကို လိမ့်ချမိ တာကြောင့် သူ့ယောကျာ်းရဲ့ လိင်တံဟာ မတော်တဆ ကျိုးသွား ခဲ့ပါတယ်။ သူ့ရဲ့ဖုန်းမှာ အွန်လိုင်း ဈေးဝယ်ဖို့ လုပ်နေ ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ ဒီမတော် တဆမှု ဖြစ်ပွား ခဲ့တာဖြစ်ပြီး မိန်းမ ဖြစ်သူဟာ ညသန်းခေါင် မိုဘိုင်းဖုန်းမှာ alarm ကို ရုတ်တရက် ပိတ်ဖို့ လုပ်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး အွန်လိုင်း ဈေးဝယ်နေ့ဖြစ်တဲ့ တစ်ကိုယ်ရည် သမားများနေ့ သို့အကူး ညသန်းခေါင်မှာ ဈေးဝယ်ဖို့ အလောကြီး သွားပြီး ရုတ်တရက် ရုန်းထ လိုက်ရာက ယောကျာ်းဖြစ်သူရဲ့ လိင်တံဟာ နာကျင် သွားစေတာပါ။

နောက်တစ်နေ့ မနက် အိပ်ရာထတဲ့ အချိန်မှာတော့ ယောကျာ်းဖြစ်သူရဲ့ လိင်တံဟာ ခရမ်းရောင် သန်းပြီး ရောင်ကိုင်း လာပါတယ်။ ဆေးရုံကို ကမန်းကတန်း သွားပြကြတဲ့ အခါမှာတော့ လိင်တံက ကျိုးသွားတာ ဖြစ်ကြောင်း ဆရာဝန်တွေက သိရှိ ခဲ့ပါတယ်။

အဲ့ဒီ့နောက်ပိုင်း ယောကျာ်းဖြစ်သူဟာ ခွဲစိတ်မှု ခံယူခဲ့ရပြီး အကောင်း ပကတိ ပြန်ဖြစ် ခဲ့တယ်လို့ သိရပါတယ်။

Ref:Daily Mail

Original link - http://knowledge.thithtoolwin.com/2015/11/blog-post_17.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...