တရုတ်နိုင်ငံ ရှန်ဒုန်း ခရိုင် ကွမ်ဒေါင်းမြို့မှာ ရေအောက် ကမ္ဘာ ရထားတစီးကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ပွဲဦးထွက် ဖန်တီးပြုလုပ် လာတယ်လို့ သိရပါတယ်။
ရေအောက် ကမ္ဘာ ရထားဆိုလို့ ရေအောက် ကမ္ဘာထဲ အထိ သွားစီးရမယ့် ရထားတော့ မဟုတ်ပါဘူး။ မြေပြင်ပေါ်မှာ စီးရတဲ့ ရထားပါ။ ရထားထဲသို့ ၀င်ရောက် လိုက်တာနဲ့ ရေအောက် ကမ္ဘာထဲကို ရောက်သွား ရသလို ခံစားရအောင် အတွင်းပိုင်း အပြင်အဆင်တွေကို ရေအောက် ကမ္ဘာလို ဖန်တီးပြင်ဆင် ထားခြင်း ဖြစ်ပါတယ်။
ပြောရရင်တော့ ကွမ်းဒေါင်းမြေအောက်ရထားရဲ့ အတွင်းပိုင်းအပြင်အဆင်များဟာ သရီးဒီပုံစံ ရေးဆွဲထားတဲ့ ရေအောက်ကမ္ဘာ မြင်ကွင်းတွေနဲ့ အလှဆင်ထားတာဆိုရင် ပိုမှန်ပါလိမ့်မယ်။
ဒီရေအောက် ကမ္ဘာပုံစံ ပြင်ဆင်ထားတဲ့ မြေအောက် ရထားလိုပဲ သရီးဒီ ပုံစံရေးဆွဲ ဖန်တီးမယ့် အခြားသော အကြောင်းအရာ ပုံစံဒီဇိုင်းတွေလည်း ထပ်ထွက် လာဖို့ ရှိဦးမယ်လို့ ရထား ပို့ဆောင်ရေး ကုမ္ပဏီ တခုက ဆိုပါတယ်။
Ref:people’s daily china
The Irrawaddy's Blog by thae thae
Original link - http://blog.irrawaddy.org/2015/11/blog-post_52.html
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |
No comments: