အထွေထွေဗဟုသုတများနှင့် ထူးခြားဆန်းပြားသတင်းများမျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, November 20, 2015

သေခါနီးငါး ပြန်ရှင်လာသည့် ဖြစ်ရပ် တရုတ် လူမှုကွန်ရက်တွင် ဂယက်ထ (ရုပ်သံ)




တရုတ်နိုင်ငံ လူမှုရေး ကွန်ရက် မီဒီယာ ပေါ်မှာ အသက်ငင် နေတဲ့ ငါးကို ရေထဲမှာ ထည့်ပြီး ပေါင်ဒါ ထည့်ပေး လိုက်ရင် ပြန်ရှင် လာတာနဲ့ ပတ်သက်ပြီး ဂယက်ထ ဆွေးနွေး နေပါတယ်။

ဒီလို ဓာတု ပစ္စည်းကို ရေထဲမှာ ထည့်ပြီး ပြန်ရှင် လာတဲ့ ငါးကို စားသုံးရင် ကင်ဆာ ဖြစ်နိုင်တယ် ဆိုတဲ့ ကောလာဟလနဲ့ ဆွေးနွေး မှုတွေလည်း ရှိနေပါတယ်။

ဒီအကြောင်း ဂွမ်ဇီး ငါးသိပ္ပံ သုတေသန ဌာနက လက်ထောက် အကြီးအကဲကို စီစီတီဗွီက မေးကြည့်ရာမှာ ထည့်လိုက်တဲ့ အမှုန့်က ဆိုဒီယမ် ပါရောဆိုဒ် ဖြစ်ပြီး ရေထဲမှာ ပျော်သွား တာနဲ့ အောက်ဆီဂျင်ကို ထုတ်ပေး တယ်လို့ ဆိုပါတယ်။

ဒီအတွက် ငါးက အောက်ဆီဂျင်ကို ပြန်လည် ရရှိပြီး အသက်ပြန်ရှင် လာတာလို့ ဆိုပါတယ်။

အောက်ဆီဂျင် တိုးပွားစေဖို့ အတွက် ဒီအမှုန့်အသုံးပြု တာက ကောင်းပေမယ့် ထုတ်လုပ်မှု တွေမှာ တခြား ပစ္စည်းတွေကို ထည့်ရင်တော့ သတိထား ရမယ်လို့ ပြောပါတယ်။


by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/123534

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Related Posts

Related Posts Plugin for WordPress, Blogger...